ရှမ်း(ရှေ့)တွင် လက်လုပ်လက်စားနှင့်အသေးစား သတ္တုလုပ်ကွက် (၁)ကွက်သာ ခွင့်ပြုပေးထားရသေး

ရှမ်း(ရှေ့)တွင် လက်လုပ်လက်စားနှင့်အသေးစား သတ္တုလုပ်ကွက် (၁)ကွက်သာ ခွင့်ပြုပေးထားရသေး
မတ် 5, 2020
By Tachileik News Agency
ရှမ်း(ရှေ့)တွင် လက်လုပ်လက်စားနှင့်အသေးစား သတ္တုလုပ်ကွက် (၁)ကွက်သာ ခွင့်ပြုပေးထားရသေး

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ လက်လုပ်လက်စားနဲ့ အသေးစား သတ္တုတူးဖော်ရေး လုပ်ငန်းအတွက် လျှောက်ထားတဲ့ လုပ်ကွက် (၄၀၀) ကျော်မှာ လုပ်ကွက်တစ်ခုကိုပဲ တရားဝင်ချထားပေးထားပြီး ကျန်တဲ့ အများစုက မြေပြင်ကွင်းဆင်း စစ်ဆေးချိန်မှာတော့ သူတို့ တင်ပြတဲ့မြေပုံညွှန်းနဲ့ လက်ရှိအနေအထားမှာ ကွဲလွဲချက်တွေ ရှိနေတဲ့အတွက် ပြန်လည်တင်ပြမှုတွေရှိနေတာကြောင့် တရားဝင်ချထားပေးတဲ့ လုပ်ကွက်(၁)ခုတည်းသာရှိသေးကြောင်း  သတ္တုတွင်းဦးစီးဌာနရဲ့ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူး ဦးမြင့်ဌေးက ပြောပါတယ်။

ခွင့်ပြုပေးဖို့ကြန့်ကြာနေတာက အဓိကဌာနဖြစ်တဲ့ သတ္တုဌာနမှာ ဝန်ထမ်းအင်အားနည်းပါးနေတဲ့အတွက်ကြောင့်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ပြောပါတယ်။

သတ္တုတူးဖော်ရေးအတွက် လက်လုပ်လက်စားနဲ့ အသေးစားလုပ်ကွက်တွေကို ပြည်နယ်မှာလျှောက်ထားလို့ရကြောင်း  ညွှန်ကြားရေးမှူး ဦးမြင့်ဌေးက ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်း လက်လုပ်လက်စားနဲ့ အသေးစား သတ္တုလုပ်ကွက်ပေါင်း (၁,၀၀၀) ကျော်လျောက်ထားရာမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းက (၄၁၄) ကွက်ပါရှိပြီး လုပ်ကွက်ပေါင်း (၃၀၀) ကျော်ကိုကွင်းဆင်းစစ်ဆေးပြီးနောက် လုပ်ကွက်တစ်ကွက်သာချထားပေးထားသာ်လည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ သတ္တုလုပ်ကွက် (၉၅) ခုကိုချထားပေးခဲ့ကြောင်း သိရပါတယ်။

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~