တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်အခန်းငှားများတွင် နေထိုင်သူများစာရင်း ကောက်ခံမည်

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်အခန်းငှားများတွင် နေထိုင်သူများစာရင်း ကောက်ခံမည်
ဖေဖော်ဝါရီ 12, 2020
By Tachileik News Agency

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်အခန်းငှားများတွင် နေထိုင်သူများစာရင်း ကောက်ခံမည်

ဧည့်စာရင်းတိုင်ကြားသည့် စနစ် မရှိတော့သည့်နောက် နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ နေအိမ်အခန်းငှားများတွင် နေထိုင်ကြသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ အချိတ်အဆက်မရှိတော့သည့်အတွက် ရပ်ကွက်အတွင်း လူစိမ်း အဝင်အထွက် သိရှိနိုင်ရန်  ဝမ်ကောင်းရပ်ကွက်က ၎င်းတို့၏ ရပ်ကွက်အတွင်း နေထိုင်သည့် နေအိမ်၊ တိုက်ခန်းငှားများစာရင်းကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ရပ်ကွက်ထဲက အိမ်ခန်းငှားတွေက ရပ်ကွက်နဲ့လွတ်နေတယ်။ ဘယ်သူနေလို့နေမှန်း မသိတော့ဘူး။ စာရင်းတွေကောက်မယ်။ အင်အားရှိလာတော့ လုပ်လို့ရတာပေါ့။ ရပ်ကွက်လုံခြုံရေးတွေရော၊ တစ်ခုခုဖြစ်ရင်ချက်ခြင်း သွားနိုင်အောင်လို့ ဆယ်အိမ်မှူးတွေက ရုံးမှာလာဝိုင်းကူပေးတာ။ နေ့တိုင်းရှိမှာပေါ့"ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝမ်ကောင်းရပ်ကွက်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ ညနေပိုင်းတွင် အစည်းအဝေးကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှစတင်ကာ ဝမ်ကောင်းပြည်သူ့စစ်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်အတွင်း စိတ်ပါဝင်စားသည့် လူငယ်များစုပေါင်းပြီး ရပ်ကွက်အတွင်း လှည့်ကင်းများဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~