မယ်ဆိုင်ချောင်းကနေ တာချီလိတ်ကို ဝင်ရောက်လာသူကို ရဲလက်အပ်ကာ ဆက်လက်အရေးယူ

မယ်ဆိုင်ချောင်းကနေ တာချီလိတ်ကို ဝင်ရောက်လာသူကို ရဲလက်အပ်ကာ ဆက်လက်အရေးယူ
ဇူလိုင် 20, 2020
By Tachileik News Agency

 မယ်ဆိုင်ချောင်းကနေ တာချီလိတ်ကို ဝင်ရောက်လာသူကို ရဲလက်အပ်ကာ ဆက်လက်အရေးယူ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ မြန်မာနိုင်ငံတာချီလိတ်မြို့ကို နယ်စပ်ချောင်းကတဆင့် တရားမဝင်ဖြတ်ကူးသူများထဲက တတိယမြောက် အရေးယူခံရသူဖြစ်တဲ့ ကျောက်မဲမြို့က အမျိုးသားတစ်ဦးကို အမှုနှစ်ခုနဲ့ တရားစွဲဆိုထားတဲ့အတွက် မိုးကုတ်ဝိပနာရိပ်သာရဲ့ facility quarantine centre မှာ ထားရှိပြီး Covid-19 စစ်ဆေးပြီးတဲ့နောက် တာချီလိတ်မြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

တာချီလိတ်မြို့ကို တရားမဝင် ဝင်ရောက်လာတဲ့အတွက် ကျန်းမာရေးဦးစီးဌာနက ကူးစက်ရောဂါဥပဒေနဲ့ တရားစွဲဆိုထားသလို လဝက ကလည်းတရားမဝင် ဝင်ရောက်မှုအတွက် ၁၃(က) နဲ့ ထပ်မံတရားစွဲဆိုထားတာဖြစ်ပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~