ထိုင်းနိုင်ငံအတွင်းမှ တရားဝင် ဗီဇာဖြင့် သွားရောက် နေထိုင် အလုပ် လုပ်ကိုင်သူ (၂၀၀)ကျော် မယ်ဆိုင်သို့ ရောက်ရှိလာ၍ နှစ်ဖက်ညှိနှိုင်းကာ တာချီလိတ်သို့ ဝင်ခွင့်ပေးထား၊ နောက်ရက်တွင် ဝင်ခွင့်မသေချာ

ထိုင်းနိုင်ငံအတွင်းမှ တရားဝင် ဗီဇာဖြင့် သွားရောက် နေထိုင် အလုပ် လုပ်ကိုင်သူ (၂၀၀)ကျော် မယ်ဆိုင်သို့ ရောက်ရှိလာ၍ နှစ်ဖက်ညှိနှိုင်းကာ တာချီလိတ်သို့ ဝင်ခွင့်ပေးထား၊ နောက်ရက်တွင် ဝင်ခွင့်မသေချာ
မတ် 23, 2020
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်းမှ တရားဝင် ဗီဇာဖြင့် သွားရောက် နေထိုင် အလုပ် လုပ်ကိုင်သူ (၂၀၀)ကျော် မယ်ဆိုင်သို့ ရောက်ရှိလာ၍ နှစ်ဖက်ညှိနှိုင်းကာ တာချီလိတ်သို့ ဝင်ခွင့်ပေးထား၊ နောက်ရက်တွင် ဝင်ခွင့်မသေချာ

ထိုင်းနိုင်ငံအတွင်း တရားဝင် ဗီဇာဖြင့် သွားရောက် နေထိုင် အလုပ် လုပ်ကိုင်သူများမှာ မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ ပြန်ဝင်ရန်အတွက် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့ နံနက်တွင် မယ်ဆိုင်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ်သို့ ရောက်ရှိလာသည့်အတွက် ချစ်ကြည်ရေးတံတားအား ပိတ်ထားသော်လည်း  နှစ်ဖက်တာဝန်ရှိသူများက လက်ခံပေးနေကြောင်း သိရသည်။

ချစ်ကြည်ရေးတံတားအား မတ်လ(၂၃)ရက်နေ့က စ၍ ထိုင်းနိုင်ငံက COVID-19 ကြောင့် ယာယီပိတ်မည်ဟု အသိပေး ထားရှိသည့်အတွက် ထိုင်းနိုင်ငံတွင်းမှ တရားဝင် ဗီဇာဖြင့် သွားရောက် နေထိုင် အလုပ်လုပ်ကိုင်သူများမှာ မတ်လ(၂၂)ရက်နေ့က ကားဖြင့် ထွက်ရှိလာရာ မတ်လ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိလာ၍ မယ်ဆိုင်ဘက် လ၀က နှင့် တာချီလိတ်ဘက်မှ လ၀က တို့မှ လက်ခံပေးနေခြင်း ဖြစ်သည်။

ယခုလို ပြန်ရောက်လာသူများအား မယ်ဆိုင်ဘက် တံတား(၁)တွင် COVID-19 ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးခြင်းများကို ဆောင်ရွက်ပြီးမှ တာချီလိတ်သို့ လွှတ်ပေးကြောင်း နှင့် တာချီလိတ်ဘက်တွင်လည်း ကျန်းမာရေးနှင့် တာဝန်ရှိသူများကလည်း စစ်ဆေးမှုများ ဆောင်ရွက်ကြောင်း  သိရသည်။

ပြန်လည်ရောက်ရှိလာသူများအား ထိုင်းဘက် လ၀က က ထိုင်းဘက်သို့ နောက်ပိုင်းတွင် ပြန်ဝင် မဝင်ကို မေးမြန်းပြီး ပြန်ဝင်လာမည်ဆိုပါက Re-entry ပြုလုပ်ပေးပြီး ပြန်မဝင်တော့သူများကိုတော့ Re-entry မပြုလုပ်ပေးကြောင်းနှင့် နေရပ်ပြန်ပြီးသွားပါက ထိုင်းနိုင်ငံသို့ ပြန်လည်၍ ဝင်ရောက်လိုပါကလည်း ဝင်ခွင့်ရှိမည်ဖြစ်ပြီး နယ်စပ်တံတားဖွင့်ချိန်တွင် ပြန်လည်ဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလို ပြန်လည်ရောက်လာသူများကို မတ်လ(၂၃)ရက်နေ့ နံနက်ကစ၍ လက်ခံပေးနေပြီး နောက်ရက်ပိုင်းတွင် ပြန်ဝင်ခွင့် မသေချာသော်လည်း မတ်လ(၂၃)ရက်နေ့ကဲ့သို့ ပြန်လာသူ လူဉီး(၂၀၀)ဝန်းကျင်အထိ များပါက ထိုင်းဘက်က တာချီလိတ်သို့ လွှတ်ပေးနိုင်ချေရှိကြောင်း သိရသည်။

ယခုလို တံတားပိတ်ချိန်တွင် ပြန်ဝင်ခွင့်ပေးသူများသည် တရားဝင် ဗီဇာဖြင့် သွားရောက်သူများသာဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~