ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုင်ငံခြားမှ ပြန်လာသူများအား သီးခြားစောင့်ကြည့်ရမည့်နေရာ (၂)ခု သတ်မှတ်ထားပြီး စောင့်ကြည့်ထားသူ (၄၃)ဦးရှိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုင်ငံခြားမှ ပြန်လာသူများအား သီးခြားစောင့်ကြည့်ရမည့်နေရာ (၂)ခု သတ်မှတ်ထားပြီး စောင့်ကြည့်ထားသူ (၄၃)ဦးရှိနေ
မတ် 28, 2020
By Tachileik News Agency
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုင်ငံခြားမှ ပြန်လာသူများအား သီးခြားစောင့်ကြည့်ရမည့်နေရာ (၂)ခု သတ်မှတ်ထားပြီး စောင့်ကြည့်ထားသူ (၄၃)ဦးရှိနေ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် နိုင်ငံခြားမှ ပြန်လာသူတိုင်းအား (၁၄)ရက် သီးခြားစောင့်ကြည့်မှု လုပ်ဆောင်နေရာ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့ နံနက် (၇) နာရီထိ စောင့်ကြည့်ထားသူ စုစုပေါင်း (၄၃) ဦးရှိ လာပြီဖြစ်ကြောင်း သိရသည်။

သံသယလူနာကတော့ အခုထိတစ်ယောက်မှမရှိသေးပါဘူး။ ရောဂါကာကွယ်ရေးနဲ့ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးရေးအတွက်လည်း တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ဆက်တိုက်လုပ်ဆောင်နေပါတယ်

ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှုး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ (၂၅) ရက် ညပိုင်းကစတင်၍ ကျောက်မဲသို့ ပြန်လာကြသည့် အိမ်နီးချင်းနိုင်ငံများမှ လာရောက်သူ (၁၁) ဦးကို ကျောက်မဲရှိ မိုးလုံလေလုံအားကစားခန်းမအတွင် သီးသန့်ထား၍ (၁၄) ရက်ကြာ ကျန်းမာရေးစောင့်ကြည့်မှု စတင် လုပ်ဆောင်နေခြင်းဖြစ်ပြီး မတ်လ (၂၆) ရက်နေ့တွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ သီးသန့်နေရာတစ်ခု ထပ်မံထားရှိခဲ့ခြင်းဖြစ်သည်။

ဒီမနက်တင်ပဲ တည်းခိုခန်းတစ်ခုမှာ ပြည်ပကပြန်လာသူ (၃) ဦးရောက်နေတဲ့သတင်းရလို့ သွားခေါ်ပြီးတော့ အထက (၃) မှာ ပို့ထားပါတယ်။ သူတို့ကိုလည်း (၁၄) ရက် ကျန်းမာရေးစောင့်ကြည့်ဖို့ ထားထားမယ်လို့သိရပါတယ်

ဟု Covid-19 ရောဂါတားဆီးကာကွယ်ရေးနှင့် လူနာသယ်ယူပို့ဆောင်ရေးကော်မတီမှ ဦးကျော်ကျော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မတ်လ (၂၇) ရက်မွန်းလွဲပိုင်းက စတင်၍ ကျောက်မဲမြို့တွင်းသို့ ဝင်ရောက်နိုင်သည့် အဓိက လမ်းမကြီး (၂) ခုအနက် ပင်လုံလမ်းမကြီးမှသာ ခရီးသွားများအားဝင်ရောက်စေပြီး ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့မရဲတပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် အဖွဲ့က ခရီးသွားများအား အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~