ေတာင္ႀကီးၿမိဳ႕ရွိ အကင္ဆုိင္တစ္ဆုိင္တြင္ ေရာင္းခ်ေနသည့္ စားသံုးရန္မသင့္ အသားႏွင့္ အရက္၊ဘီယာမ်ားအား သိမ္းဆည္း

ေတာင္ႀကီးၿမိဳ႕ရွိ အကင္ဆုိင္တစ္ဆုိင္တြင္ ေရာင္းခ်ေနသည့္ စားသံုးရန္မသင့္ အသားႏွင့္ အရက္၊ဘီယာမ်ားအား သိမ္းဆည္း
ဇွန် 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရိွ အကင္ဆိုင္တစ္ဆိုင္အား ခရိုင္စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕က ဝင္ေရာက္စစ္ေဆးရာ စားသံုးရန္ မသင့္ အစားအေသာက္မ်ားကို စစ္ေဆးေတြ႔ ရိွရသျဖင့္ စားသံုးရန္မသင့္မ်ားကို သိမ္းဆည္းၿပီး ဆုိင္ရွင္ကို သတိေပးထားေၾကာင္း သိရသည္။

“ေနာက္တစ္ခါ ထပ္ၿပီးမေရာင္းခ်ဖို႔ေတာ့ ဆိုင္ရွင္ကိုလည္း သတိေပးတယ္။ ေနာက္ၿပီးေတာ့ ပတ္ဝန္းက်င္ကို အႏၱရာယ္မျဖစ္ေစရေအာင္ အနံ႔အသက္တို႔ ဘာတို႔မျဖစ္ရေအာင္ စည္ပင္သာယာကလည္း ဝန္ခံကတိလက္မွတ္ေရးထိုးခိုင္းထားပါတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါဆိုင္မွာ ေရာင္းခ်ခြင့္အတြက္ စည္ပင္သာယာဦးစီးဌာနမွ ခြင့္ျပဳခ်က္ရိွထားၿပီး ေရာင္းခ်ေနသည့္ အစားအေသာက္မ်ားမွ စားသံုးရန္ မသင့္အသားမ်ားႏွင့္ အရက္၊ဘီယာတုိ႔ကို စားသံုးသူ အျငင္းပြားမႈ ေျဖရွင္းေရးအဖြဲ႕က သိမ္းဆည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
ဓါတ္ပံု - စားသံုးသူေရးရာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အကင်ဆိုင်တစ်ဆိုင်အား ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က ဝင်ရောက်စစ်ဆေးရာ စားသုံးရန် မသင့် အစားအသောက်များကို စစ်ဆေးတွေ့ ရှိရသဖြင့် စားသုံးရန်မသင့်များကို သိမ်းဆည်းပြီး ဆိုင်ရှင်ကို သတိပေးထားကြောင်း သိရသည်။

“နောက်တစ်ခါ ထပ်ပြီးမရောင်းချဖို့တော့ ဆိုင်ရှင်ကိုလည်း သတိပေးတယ်။ နောက်ပြီးတော့ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေရအောင် အနံ့အသက်တို့ ဘာတို့မဖြစ်ရအောင် စည်ပင်သာယာကလည်း ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းထားပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဆိုင်မှာ ရောင်းချခွင့်အတွက် စည်ပင်သာယာဦးစီးဌာနမှ ခွင့်ပြုချက်ရှိထားပြီး ရောင်းချနေသည့် အစားအသောက်များမှ စားသုံးရန် မသင့်အသားများနှင့် အရက်၊ဘီယာတို့ကို စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့က သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - စားသုံးသူရေးရာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~