တောင်ကြီးသို့ ပို့စစ်ထားသည့် တာချီလိတ်မြို့မှ ဓါတ်ခွဲနမူနာများထဲတွင် လတ်တလော၌ Covid-19 အတည်ပြုလူနာ (၇)ဦးတွေ့ရှိထား

တောင်ကြီးသို့ ပို့စစ်ထားသည့် တာချီလိတ်မြို့မှ ဓါတ်ခွဲနမူနာများထဲတွင် လတ်တလော၌ Covid-19 အတည်ပြုလူနာ (၇)ဦးတွေ့ရှိထား
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
 

တောင်ကြီးသို့ ပို့စစ်ထားသည့် တာချီလိတ်မြို့မှ ဓါတ်ခွဲနမူနာများထဲတွင် လတ်တလော၌   Covid-19 အတည်ပြုလူနာ (၇)ဦးတွေ့ရှိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၈) ရက်နေ့ နေ့လယ်ပိုင်းတွင်  Covid-19 ပိုးတွေ့ရသည့် အတည်ပြုလူနာ (၇)ဦး ထပ်တိုးလာပြီး အသက် (၅)လအရွယ်၊ (၁)နှစ်အရွယ်နှင့် (၂)နှစ်အရွယ် ကလေးငယ်များ ပါဝင်လာကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ထားသည့် ဓာတ်ခွဲနမူနာ (၂၈၆) ခု၏ ဓာတ်ခွဲအဖြေများမှ (၇)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း နေ့လယ် (၁)နာရီအချိန်တွင် ကနဦးသိရပြီး ကျန်ဓာတ်ခွဲအဖြေများအား ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာလ (၈)ရက်နေ့ ညပိုင်း၌ ထုတ်ပြန်ပေးမည်ဖြစ်သည်။
 ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ထားသည်များထဲက ပိုးတွေ့ရှိရသူများနှင့် ရပ်ကွက်များကို သက်ဆိုင်ရာက ညပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အတည်ပြုလူနာ (၇)ဦး ထပ်တိုးလာ၍ တာချီလိတ်ရှိ COVID 19 ကုသဆောင်အသီးသီး၌ အတည်ပြုလူနာ စုစုပေါင်း (၈၁) ဦးအထိ တိုးလာမည်ဖြစ်ပြီး (၈၁)ဦးတွင် (၉)ဦးမှ ဆေးရုံက ဆင်းသွားကြပြီဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း COVID 19 ဒေသတွင်း ကူးစက်မှုဖြစ်ပွားနေရာ အတည်ပြုလူနာများ ထပ်တိုးတွေ့ရသဖြင့် အများပြည်သူအနေဖြင့် တတ်နိုင်သမျှ မိမိတို့ နေအိမ်တွင် နေထိုင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက Mask ကို အမြဲတမ်းတပ်ထားရန် ကျန်းမာရေးဌာနက သတိပေးတိုက်တွန်းထားသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~