မကွေးတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်အမျိုးသမီးတစ်ဥိးကို စောင့်ကြည့်လူနာသတ်မှတ် ဓါတ်ခွဲစစ်ဆေးနေ

မကွေးတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်အမျိုးသမီးတစ်ဥိးကို စောင့်ကြည့်လူနာသတ်မှတ် ဓါတ်ခွဲစစ်ဆေးနေ
မတ် 30, 2020
By 🌸


မကွေးတွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်အမျိုးသမီးတစ်ဥိးကို စောင့်ကြည့်လူနာသတ်မှတ် ဓါတ်ခွဲစစ်ဆေးနေ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့် အမျိုးသမီးတစ်ဦး ဖျားပြီး ဝမ်းလျှောနေသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့ ညနေပိုင်းတွင်  သင်ကြားရေးဆေးရုံ သီးသန့်ကုသခန်းတွင် ပြောင်းရွှေ့ကုသနေပြီး ဓါတ်ခွဲပို့စစ်ထားကြောင်းသိရသည်။

“ထိုင်းဘက်က ပြန်ဝင်လာတဲ့ အမျိုးသမီးပါ။ ဖျားပြီး ဝမ်းပျက်လို့ ဆေးရုံကို ခေါ်ဆောင်ပြီး စစ်ဆေးကုသမှု ဆက်လက်လုပ်ဆောင်ပေးရမှာပါ” 

ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၂၉)ရက်နေ့၌ အတည်ပြုပြောကြားသည်။

အဆိုပါ အမျိုးသမီးမှာ မကွေး ကွန်ပျူတာတက္ကသိုလ်၌ Facility Quarantine  ဖြင့်ထားရှိသည့် နေရပ်ပြန်များထဲမှ တစ်ဦးဖြစ်ပြီး ရုတ်တရက် ကိုယ်အပူချိန်မြင့်လာပြီး ဝမ်းလျှောသဖြင့် မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ စစ်ဆေးပြီး ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် သင်ကြားရေးဆေးရုံ သီးသန့်ကုသခန်းသို့  ပို့ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် နေရပ်ပြန်အရေအတွက် (၂၄၀၀) ဝန်းကျင်ရောက်ရှိနေပြီး မြို့နယ်/ကျေးရွာအသီးသီးရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့၌  Facility Quarantine  ထားရှိရာ မကွေးမြို့ရှိ ကွန်ပျူတာ တက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့၌ (၁၂၀)ဦးနှင့် နေအိမ် Quarantine များတွင် ယခုလူနာမှာ  စောင့်ကြည့်လူနာအဖြ စ် သတ်မှတ်ရသည့် ပထမဆုံး လူနာဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရောင်စုံမေတ္တာ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~