တာခ်ီလိတ္တြင္ အရက္မူးၿပီး ရပ္ကြက္တြင္း ဆူပူေနသူက ၀င္ေရာက္ထိန္းသိမ္းသည့္ ရဲကို ရိုက္ႏွက္ထြက္ေျပး၍ ရဲတပ္ဖြဲ႔မွ ပစ္ခတ္ဖမ္းဆီးရ

တာခ်ီလိတ္တြင္ အရက္မူးၿပီး ရပ္ကြက္တြင္း ဆူပူေနသူက ၀င္ေရာက္ထိန္းသိမ္းသည့္ ရဲကို ရိုက္ႏွက္ထြက္ေျပး၍ ရဲတပ္ဖြဲ႔မွ ပစ္ခတ္ဖမ္းဆီးရ
စက်တင်ဘာ 26, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ အရက္မူးၿပီး ရပ္ကြက္အတြင္း ဆူပူေနသူက ၎အား ဝင္ေရာက္ ထိန္းသိမ္းသည့္ ရဲတပ္ဖြဲ႕ကို ရိုက္ႏွက္ထြက္ေျပးသျဖင့္ ပစ္ခတ္ဖမ္းဆီးလုိက္ရေၾကာင္း သိရသည္။

ပုန္းထြန္ရပ္ကြက္၊ ေက်ာက္ေတာင္သခ်ဳႋင္းအနီးတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၅) ရက္ေန႔ ည (၁၁)နာရီ (၄၅)မိနစ္အခ်ိန္က အရက္ပုလင္းကိုင္၍ မူးယစ္ၿပီး အမ်ားသူငါအေႏွာင့္အယွက္ျဖစ္ေစရန္ ဆူပူေသာင္းက်န္းေနသျဖင့္ ရဲတပ္ဖြဲ႕က လာေရာက္ထိန္းသိမ္းေပးရန္ သတင္းေပးပို႔လာျခင္းျဖစ္ေၾကာင္း သိရသည္။
အရက္မူးၿပီး ဆူပူေသာင္းက်န္းေနသည့္ အသက္ (၂၉)ႏွစ္အရြယ္ သန္းေဇာ္က လာေရာက္ထိန္းသိမ္းသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား အရက္ပုလင္းျဖင့္ ဝင္ေရာက္ရိုက္ႏွက္သျဖင့္ ရဲတပ္ၾကပ္တစ္ဦးတြင္ ေမးေစ့ေအာက္ ေပါက္ၿပဲဒဏ္ရာရသြားေၾကာင္း သိရသည္။

ယင္းေနာက္ သန္းေဇာ္က ထြက္ေျပးသျဖင့္ ေျခာက္လွန္႔ပစ္ခတ္ဖမ္းဆီးရာ တင္ပါးတြင္ ဒဏ္ရာရသြားသျဖင့္ တာခ်ီလိတ္ခရိုင္ေဆးရံုတြင္ ေဆးကုသမႈေပးထားေၾကာင္း သိရသည္။

အရက္မူးၿပီး ေသာင္းက်န္းေနသူသည္ ာ ရဲစခန္းတြင္ ေျခခ်ဳပ္ျဖင့္ အေရးယူခံရဖူးသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းအား ထိခိုက္ဒဏ္ရာရေစသည့္ အသက္(၂၉)ႏွစ္ရွိ သန္းေဇာ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၅၃၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၉၄/၃၃၂ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် အရက်မူးပြီး ရပ်ကွက်အတွင်း ဆူပူနေသူက၎င်းအား ဝင်ရောက် ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ကို ရိုက်နှက်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း သိရသည်။

ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်သင်္ချိုင်းအနီးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ ည (၁၁)နာရီ (၄၅)မိနစ်အချိန်က အရက်ပုလင်းကိုင်၍ မူးယစ်ပြီး အများသူငါအနှောင့်အယှက်ဖြစ်စေရန် ဆူပူသောင်းကျန်းနေသဖြင့် ရဲတပ်ဖွဲ့က လာရောက်ထိန်းသိမ်းပေးရန် သတင်းပေးပို့လာခြင်းဖြစ်ကြောင်း သိရသည်။

အရက်မူးပြီး ဆူပူသောင်းကျန်းနေသည့် အသက် (၂၉)နှစ်အရွယ် သန်းဇော်က လာရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်များအား အရက်ပုလင်းဖြင့် ဝင်ရောက်ရိုက်နှက်သဖြင့် ရဲတပ်ကြပ်တစ်ဦးတွင် မေးစေ့အောက် ပေါက်ပြဲဒဏ်ရာရသွားကြောင်း သိရသည်။

ယင်းနောက် သန်းဇော်က ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ တင်ပါးတွင် ဒဏ်ရာရသွားသဖြင့် တာချီလိတ်ခရိုင်ဆေးရုံတွင် ဆေးကုသမှုပေးထားကြောင်း သိရသည်။

အရက်မူးပြီး သောင်းကျန်းနေသူသည်ာ ရဲစခန်းတွင် ခြေချုပ်ဖြင့် အရေးယူခံရဖူးသူတစ်ဦးဖြစ်ကြောင်း သိရသည်။

တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား ထိခိုက်ဒဏ်ရာရစေသည့် အသက်(၂၉)နှစ်ရှိ သန်းဇော်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၅၃၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၃၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net