ကျောက်မဲမြို့နယ်အတွင်း ပန်ဟုတ်အနီးလမ်းကွေ့တွင် ဆိုင်ကယ်နှင့် ကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာမှ တစ်ဦးသေဆုံး

ကျောက်မဲမြို့နယ်အတွင်း ပန်ဟုတ်အနီးလမ်းကွေ့တွင် ဆိုင်ကယ်နှင့် ကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာမှ တစ်ဦးသေဆုံး
ဒီဇင်ဘာ 12, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း ပန်ဟုတ်အနီးလမ်းကွေ့တွင် ဆိုင်ကယ်နှင့် ကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာမှ တစ်ဦးသေဆုံး
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်၊ ပန်ဟုတ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး၏ လမ်းအကွေ့တွင် မျက်နှာချင်းဆိုင် လမ်းကြောအသီးသီးတွင် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးနှင့် (၁၂) ဘီးယာဉ်တစ်စီးတို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက် မွန်းလွဲပိုင်းက တိုက်မိ၍ ဆိုင်ကယ်စီးအမျိုးသား သေဆုံးသွားသည်။
ကျောက်မဲဘက်မှ သီပေါဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ ပန်ဟုတ်ကျေးရွာအနီး လမ်းအကွေ့တွင် မျက်နှာချင်းဆိုင်မှလာသည့် (၁၂)ဘီးယာဉ်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသားသည် နေရာတွင် သေဆုံးသွားခဲ့ပြီး အခင်းဖြစ်နေရာအား အမှတ် (၁၂၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု ကျောက်မဲက စစ်ဆေးမှုများ ပြုလုပ်ထားကာ ယာဉ်တိုက်မှုအား ဥပဒေအရ အရေးယူမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - တောင်ပေါ်သားလေး
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~