ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားမည့် ဒေသခံ ဆရာ၊ဆရာမများ ခေါ်ယူ

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တိုင်းရင်းသားဘာသာ စာပေသင်ကြားမည့် ဒေသခံ ဆရာ၊ဆရာမများ ခေါ်ယူ
ဒီဇင်ဘာ 8, 2018
By Tachileik News Agency

အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမည့် နေ့စားလပေးဆရာ/ဆရာမများ (Teaching Assistant) နှင့် တိုင်းရင်းသားဘာသာသင် (Language Teacher)လျှောက်ထားလိုသူများ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့မှ  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
တိုင်းရင်းသားဘာသာစာပေသင်ကြားမည့် နေ့စား၊ လပေး ဆရာ/ဆရာမ လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာနောက်ဆုံးပေးပို့သည့်ရက်တွင် အသက် (၁၈) နှစ်ပြည့်ပြီးသူ၊ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို အရေး၊အဖတ်၊ အပြော ကျွမ်းကျင်စွာ သင်ကြားနိုင်သူ၊ ပညာအရည်အချင်း အနိမ့်ဆုံး (၉)တန်း အောင်မြင်သူများ လျှောက်ထားနိုင်ပြီး ပညာအရည်အချင်း ပိုမိုမြင့်မားသူကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတစ်ဦးဦး (သို့မဟုတ်) အစိုးရအဖွဲ့မှတာဝန်ပေးအပ်ထားသည့်ဝန်ကြီးတစ်ဦးဦး၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်၊ ခိုင်လုံမှန်ကန်သော ပညာအရည်အချင်းထောက်ခံချက်၊ နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ (နိုင်ငံသားစိစစ်ရေးကတ်ပြား၏ လူမျိုးအမည် နေရာတွင် ကွဲလွဲမှုများရှိနေခဲ့လျှင် သက်ဆိုင်ရာ လူမျိုး အမှန်ဖြစ်ကြောင်း ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ပါရှိရမည်) ဖြစ်ပြီး ဓါတ်ပုံ (၃)ပုံ၊ ကျန်းမာကြောင်းထောက်ခံချက်၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ ထောက်ခံချက်များဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

ရွေးချယ်ခန့်ထားခံရသူများအနေဖြင့်  ခန့်ထားသည့် ဒေသကျောင်းတွင် အနည်းဆုံး(၃)နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး ဒေသခံများကို ခန့်အပ်ခြင်းဖြစ်သည့်အတွက် နေရာပြောင်းရွှေ့ လျှောက်ထားမှုကို ဆောင်ရွက်ပေးမည်မဟုတ်ဘဲ လျှောက်လွှာများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတို့တွင် ရယူနိုင်ကြောင်း သိရသည်။
အသေးစိတ်သိလိုပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဖုန်း ၀၆၇-၃၄၀၉၃၁၅ နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးများတွင် စုံစမ်းနိုင်ကြောင်း သိရသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ညွှန်ကြားရေးမှူးရုံးများတွင် ဆက်သွယ်စုံစမ်းလိုပါက ကချင်ပြည်နယ်တွင် ၀၉- ၂၆၂၄၇၀၉၆၃၊ ၀၇၄-၂၂၆၉၆၊ ကယားပြည်နယ်တွင် ၀၈၃- ၂၂၂၄၂၀၅၊ ကရင်ပြည်နယ်တွင် ၀၉-၄၅၁၅၈၃၉၈၂/ ၀၅၈-၂၂၇၆၆၊ ချင်းပြည်နယ်တွင် ၀၇၀- ၂၂၂၆၆၊ မွန်ပြည်နယ် ၀၉- ၄၅၁၅၈၃၉၈၂၊ ရခိုင်ပြည်နယ်တွင် ၀၉- ၂၅၀၆၉၇၇၇၈၊ ရှမ်းပြည်နယ်တွင် ၀၉- ၂၅၄၅၅၅၄၇၂၊ ၀၈၁- ၂၁၂၅၇၈၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၀၇၁-၂၆၃၄၂၊ မကွေးတိုင်းဒေသကြီးတွင် ၀၉- ၄၀၂၅၅၅၆၉၂၊ ပဲခူးတိုင်းဒေသကြီး ၀၉- ၄၂၀၇၂၆၈၉၉၊ မန္တလေးတိုင်းဒေသကြီး ၀၂- ၂၈၄၈၁၅၂၊ တနင်္သာရီတိုင်းဒေသကြီး ၀၉- ၄၂၀၇၃၄၆၉၂၊ ၀၅၉- ၂၀၂၁၆၅၅၊ ဧရာဝတီတိုင်းဒေသကြီး ၀၄၂- ၂၉၂၇၆၊ ရန်ကုန်တိုင်းဒေသကြီး ၀၉- ၄၃၀၂၉၉၄၂၊ ၀၁-၅၂၄၄၈၆၊ ၀၁-၅၂၄၇၉၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်း ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~