COVID-19 ကူးစက်ခံရသည့် တိုင်းနှင့်ပြည်နယ်များမှ တဆင့် ကယားပြည်နယ်အတွင်းသို့ ပြန်လာသူများ မဖြစ်မနေ Quarantine ဝင်ရမည်

COVID-19 ကူးစက်ခံရသည့် တိုင်းနှင့်ပြည်နယ်များမှ တဆင့် ကယားပြည်နယ်အတွင်းသို့ ပြန်လာသူများ မဖြစ်မနေ Quarantine ဝင်ရမည်
ဧပြီ 22, 2020
By Tachileik News Agency
COVID-19 ကူးစက်ခံရသည့် တိုင်းနှင့်ပြည်နယ်များမှ တဆင့် ကယားပြည်နယ်အတွင်းသို့ ပြန်လာသူများ မဖြစ်မနေ  Quarantine ဝင်ရမည်

COVID-19 ကူးစက်ခံရသည့် တိုင်းနှင့်ပြည်နယ်များက တဆင့် ကယားပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် Facility Quarantine (၂၁)ရက် နှင့် Home Quarantine (၇)ရက် လိုက်နာဆောင်ရွက်ရန် ကယားပြည်နယ်အစိုးရအဖွဲ့က ၂၀၂၀ခုနှစ် ဧပြီလ(၂၁)ရက်နေ့ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားရှိသည်။

ရောဂါပိုးမရှိသည့် ဒေသများက  ပြန်လာသူများအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ခံယူပြီး လိုအပ်ပါက Facility Quarantine (၂၁)ရက် နှင့် Home Quarantine (၇)ရက် လိုက်နာရမည်ဖြစ်ကြောင်း နှင့် ကယားပြည်နယ်အတွင်း နေ့ချင်းပြန်များ နှင့် ပြန်လည်ထွက်ခွာသူများ အနေဖြင့် သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများ ခံယူရမည်ဖြစ်ပြီး သွားရောက်နေရာ လိပ်စာအတိအကျ နှင့် အချက်အလက်များကို စစ်ဆေးရေးဂိတ်များတွင် သတင်းပို့ရမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

ကယားပြည်နယ်အတွင်း ညမထွက်ရ အမိန့်ကိုလည်း ၂၀၂၀ခုနှစ် မေလ(၂၀)ရက်နေ့အထိ သတ်မှတ်ထားရှိသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~