တာချီလိတ်နာရေးကူညီမှုအသင်းနှင့် စေတနာရှင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား (၁၀၀၀)အတွက် စားနပ်ရိက္ခာပေးဝေ

တာချီလိတ်နာရေးကူညီမှုအသင်းနှင့် စေတနာရှင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား (၁၀၀၀)အတွက် စားနပ်ရိက္ခာပေးဝေ
ဧပြီ 8, 2020
By Tachileik News Agency
တာချီလိတ်နာရေးကူညီမှုအသင်းနှင့် စေတနာရှင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား (၁၀၀၀)အတွက် စားနပ်ရိက္ခာပေးဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တာချီလိတ်နာရေးကူညီမှုအသင်းနှင့် စေတနာရှင်များ ပူးပေါင်းမှုဖြင့် အခြေခံလူတန်းစား အိမ်ထောင်စု (၁၀၀၀)စာ စားနပ်ရိက္ခာများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့ နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်  မီးသတ်ရုံအနောက်ဘက်ရှိ တာချီလိတ်နာရေးကူညီမှုအသင်းရုံးရှေ့တွင် ပေးဝေသည်။

ပုံမှန်ဝင်ငွေ မရှိကြသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ငါးသေတ္တာဗူးများ ပေးဝေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~