[ကြော်ငြာ] Tachileik New Year Countdown 2020 Festival ကျင်းပမယ့် ရှမ်းရိုးမကွင်းမှာ ဆိုင်ခန်းနေရာများ ဆက်သွယ်နိုင်ပါပြီ

[ကြော်ငြာ] Tachileik New Year Countdown 2020 Festival ကျင်းပမယ့် ရှမ်းရိုးမကွင်းမှာ ဆိုင်ခန်းနေရာများ ဆက်သွယ်နိုင်ပါပြီ
ဒီဇင်ဘာ 24, 2019
By Tachileik News Agency
[ကြော်ငြာ]
Tachileik New Year Countdown 2020 Festival ကျင်းပမယ့် ရှမ်းရိုးမကွင်းမှာ 
ဆိုင်ခန်းနေရာများ ဆက်သွယ်နိုင်ပါပြီ

Tachileik New Year Countdown 2020 Festival (၃) ရက်တိုင်တိုင်ကျင်းပမယ့် တာချီလိတ်၊ ရှမ်းရိုးမကွင်းမှာ ဆိုင်ခန်းနေရာ ရယူလိုသူများ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြပါပြီ။

ရှမ်းရိုးမကွင်းအတွင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ကနေ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့အထိ Tachileik New Year Countdown 2020 Festival ကို အဆိုတော် မနောနဲ့အဖွဲ့၊ ထက်ယံတို့အပြင် တာချီလိတ်က လူငယ်များဖြစ်တဲ့ A3N Band အဖွဲ့တို့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲသွားမှာဖြစ်ပါတယ်။

တတိယအကြိမ်မြောက် အ.ထ.က (တာချီလိတ်) ကျောင်းသူ ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲနှင့် မိတ်ဆုံစားပွဲ ရန်ပုံငွေအဖြစ် အ.ထ.က (တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများက စီစဉ်ကျင်းပတာဖြစ်ပြီး Countdown ညနဲ့ Free Show (၂) ည ကျင်းပသွားမှာဖြစ်ပါတယ်။

Countdown ညဖြစ်တဲ့ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ စားဝိုင်းနဲ့ အေးအေးဆေးဆေး ကြည့်ချင်သူတွေ၊ ဖျော်ဖြေသူတွေနဲ့ အနီးကပ် အားပေးချင်သူတွေအတွက်လည်း လက်မှတ်တွေ စီစဉ်ပေးထားတဲ့အပြင် ဆိုင်ကယ်တစ်စီး အပါအဝင် ဆုမဲများစွာပါဝင်တဲ့ ကံစမ်းမဲအစီအစဉ်ကိုလည်း Countdown ညအတွက် စီစဉ်ပေးထားပါတယ်။

ဒီဇင်ဘာလ (၃၁) ရက်နေ့ညမှာ ကျင်းပမည့် Tachileik New Year Countdown 2020 Festival အတွက် လူ (၈) ယောက်စာ စားဝိုင်းလက်မှတ်တစ်စောင်ကို ဘတ် (၃၂၀၀) နဲ့ ရောင်းချပေးနေပြီး ဆိုင်ကယ်နဲ့ အခြားဆုမဲတွေ ပါဝင်မဲ့ ကံစမ်းမဲလက်မှတ် တစ်စောင်လည်း ရရှိမှာဖြစ်ပါတယ်။

ကံစမ်းမဲလက်မှတ်ကိုပဲ သီးသန့်ဝယ်ယူချင်တယ်ဆိုရင်တော့ တစ်စောင်ကို ဘတ် (၁၀၀)နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

စားဝိုင်းမဝယ်ဘဲ News Year ကို ဆင်နွှဲလိုသူတွေအတွက် ဘတ် (၂၀၀) လက်မှတ်တွေ စီစဉ်ပေးထားပါတယ်။

ပွဲတော်ကာလအတွင်းမှာ ဆိုင်ခန်းနေရာများ ရယူရန်အတွက် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ရှမ်းရိုးမကွင်းအနောက်ရှိ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်မှာ လာရောက် မေးမြန်းနိုင်သလို ဖုန်း 09524044 သို့လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Countdown ညအတွက် ကြိုတင်လက်မှတ်များ ဝယ်ယူရန်

  1. Jonny Fitness Center၊ ရှမ်းရိုးမကွင်းအနောက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။  ( ဖုန်း - 095240445 )
  2. Jonny လျပ်စစ်ပစ္စည်းအရောင်းဆိုင်၊ အကောက်ခွန်ရုံးထောင့်အရှေ့၊ ဝမ်ကောင်းဈေးအထွက်၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
  3. ကြယ်တံခွန်ကုန်စုံဆိုင်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
  4. အထွန်းကုန်စုံဆိုင် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး၊ ပါလျှံလမ်းဆုံ မီးပွိုင့်အနီး၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့။
  5.  ကိုမျိုးမင်းလှိုင် - ဖုန်း 09428233595
  6. ကိုထွန်းပေါ်သိန်း - 09456513924
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~