တာခ်ီလိတ္တြင္ ကေလးသူငယ္အခြင့္အေရးမ်ားဥပေဒကို ရပ္ရြာအေျချပဳအဖြဲ႕ဝင္မ်ားသို႔ ရွင္းလင္း

တာခ်ီလိတ္တြင္ ကေလးသူငယ္အခြင့္အေရးမ်ားဥပေဒကို ရပ္ရြာအေျချပဳအဖြဲ႕ဝင္မ်ားသို႔ ရွင္းလင္း
စက်တင်ဘာ 24, 2019
By Tachileik News Agency

အသစ္ျပဌာန္းလုိက္သည့္ ကေလးသူငယ္အခြင့္အေရးမ်ားဥပေဒကို ခရိုင္ေကာ္မတီက ရပ္ရြာအေျချပဳ အဖြဲ႕ဝင္မ်ားသို႔ ရွင္းလင္းျခင္းကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၄)ရက္ေန႔တြင္ တာခ်ီလိတ္ခရိုင္ လူမႈဝန္ထမ္းမူႀကိဳေက်ာင္း၌ ျပဳလုပ္ရာ စုစုေပါင္း လူဦးေရ (၅၀)ခန္႔ တက္ေရာက္ၾကသည္။

“ေျပာင္းလဲလာတဲ့ ေခတ္စနစ္သစ္နဲ့အညီ ၿမဳိ့နယ္အတြင္းရွိ ကေလးသူငယ္မ်ားအာလုံး ဘဝဖြံ႔ၿဖဳိးတုိးတက္ေရးနွင့္ အနာဂတ္မွာ နုိင္ငံ့သားေကာင္း သမီေကာင္းရတနာမ်ား ေပၚထြန္းလာေရးတုိ့အတြက္ ကေလးသူငယ္မ်ား၏ အေကာင္းဆုံးအက်ဳိးစီးပြားကုိ ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ သြားျကဖုိ႔ ဒီေနရာကေန အေလးအနက္ တုိက္တြန္းေျပာျကားလိုပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက အဖြင့္မိန္႔ခြန္းတြင္ တုိက္တြန္းသြားသည္။

လူမႈဝန္ထမ္းကယ္ဆယ္ေရးနွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ဦးေဆာင္ၿပီး အခန္း (၁၉)ခန္း၊ ပုဒ္မ (၇၅)ခု ပါဝင္သည့္ ၁၉၉၃ ခုႏွစ္ ကေလးသူငယ္ဥပေဒကို အခန္း (၃၀)၊ ပုဒ္မ (၁၂၁)ခုပါဝင္သည့္ ကေလးသူငယ္အခြင့္အေရးမ်ားဆုိင္ရာ ဥပေဒသစ္ ျပင္ဆင္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၂၃)ရက္ေန႔တြင္ ျပာန္းႏုိင္ခဲ့ျခင္းျဖစ္သည္။

အသစ္ျပဌာန္းလုိက္သည့္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒအရ ခရိုင္အဆင့္ ကေလးသူငယ္ အခြင့္အေရးဆုိင္ရာ ေကာ္မတီကို ဖြဲ႕စည္းၿပီး ပထမဆံုးအႀကိမ္အစည္းအေဝးကို ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၂၆) ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕နယ္စုေပါင္းရံုးတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အသစ်ပြဌာန်းလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဥပဒေကို ခရိုင်ကော်မတီက ရပ်ရွာအခြပြေု အဖွဲ့ဝင်များသို့ ရှင်းလင်းခြင်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့တွင် တာချီလိတ်ခရိုင် လူမှုဝန်ထမ်းမူကြိုကျောင်း၌ ပြုလုပ်ရာ စုစုပေါင်း လူဦးရေ (၅၀)ခန့် တက်ရောက်ကြသည်။

“ပြောင်းလဲလာတဲ့ ခေတ်စနစ်သစ်နဲ့အညီ မြို့နယ်အတွင်းရှိ ကလေးသူငယ်များအာလုံး ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မှာ နိုင်ငံ့သားကောင်း သမီကောင်းရတနာများ ပေါ်ထွန်းလာရေးတို့အတွက် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် သွားကြဖို့ ဒီနေရာကနေ အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းသွားသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အခန်း (၁၉)ခန်း၊ ပုဒ်မ (၇၅)ခု ပါဝင်သည့် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကို အခန်း (၃၀)၊ ပုဒ်မ (၁၂၁)ခုပါဝင်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေသစ် ပြင်ဆင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် ပြာန်းနိုင်ခဲ့ခြင်းဖြစ်သည်။

အသစ်ပြဌာန်းလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ခရိုင်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကို ဖွဲ့စည်းပြီး ပထမဆုံးအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့က တာချီလိတ်မြို့နယ်စုပေါင်းရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net