တာချီလိတ်ခရိုင်အတွင်းထဲက မဲရုံပေါင်း (၁၇၀)ကျော်ကို လုံခြုံရေးအတွက် အပြီးသတ်စစ်ဆေး

တာချီလိတ်ခရိုင်အတွင်းထဲက မဲရုံပေါင်း (၁၇၀)ကျော်ကို လုံခြုံရေးအတွက် အပြီးသတ်စစ်ဆေး
နိုဝင်ဘာ 7, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်းထဲက မဲရုံပေါင်း (၁၇၀)ကျော်ကို လုံခြုံရေးအတွက် အပြီးသတ်စစ်ဆေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းက မဲရုံပေါင်း (၁၇၀)ကျော်မှာ  မဲရုံလုံခြုံရေး ကိစ္စရပ်တွေ အပါအဝင် ခရိုင်အဆင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံမှုကော်မတီကနေ ကူညီဆောင်ရွက်ပေးရမယ့်ကိစ္စရပ်တွေ အတွက် စီမံဆောင်ရွက်နေပါတယ်။ 
ဝေးလံတဲ့အရပ်ဒေသတွေမှာရှိတဲ့ မဲရုံတွေဆီကို မဲလက်မှတ်တွေအချိန်မီရောက်ရှိဖို့နဲ့ မဲလက်မှတ်ပြန်လည်ပို့ဆောင်ရာမှာ လုံခြုံမှုရှိစေဖို့ အစီအစဉ်တွေကိုလည်း ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
တာချီလိတ်ခရိုင်အတွင်းမှာ မဲရုံအရေအတွက်အနေနဲ့ဆိုရင် တာချီလိတ်မြို့နယ်မှာ မဲရုံ (၇၀)  ၊ မိုင်းဖြတ်မြို့နယ်မှာ မဲရုံ (၃၉) ရုံနဲ့ မိုင်းယောင်းမြို့နယ်မှာ မဲရုံ (၆၈) ရုံ စုစုပေါင်း မဲရုံပေါင်း (၁၇၇)ရုံ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
တာချီလိတ်ခရိုင်အတွင်းက မဲရုံတွေပြင်ဆင်ထားမှုနဲ့ လုံခြုံရေးစီစဉ်ထားမှုတွေကို ခရိုင်/မြို့နယ် အဆင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံမှုကော်မတီအနေနဲ့ လိုက်လံစစ်ဆေးနေတာမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့က  အပြီးသတ် ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~