တာခ်ီလိတ္တြင္ ငလ်င္ေဘးအႏၱရာယ္အတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား သရုပ္ျပ ႏွင့္ အသိပညာေပး ေဆာင္ရြက္မည္

တာခ်ီလိတ္တြင္ ငလ်င္ေဘးအႏၱရာယ္အတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား သရုပ္ျပ ႏွင့္ အသိပညာေပး ေဆာင္ရြက္မည္
သြဂုတ် 22, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ ငလ်င္ေဘးအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား လက္ေတြ႔သရုပ္ျပပြဲႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ားအား အသိပညာေပးေဟာေျပာပြဲမ်ားကို ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၂၈)ရက္ေန႔မွစ၍ ခရိုင္မီးသတ္တပ္ဖြဲ႕က ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

ငလ်င္ေဘးအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား လက္ေတြ႔သရုပ္ျပျခင္းကို တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ခရိုင္မီးသတ္တပ္ဖြဲ႕က ၾသဂုတ္လ (၂) ရက္ေန႔တြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"သဘာဝေဘးအႏၱရာယ္မွာ ငလ်င္အဓိကထား သရုပ္ျပမွာေပါ့။ မီးသတ္တပ္ဖြဲ႕ဝင္ေတြရဲ႕ ရွာေဖြကယ္ဆယ္ေရးေတြ ျပသမွာေပါ့။ သဘာဝေဘးျဖစ္ရင္ေတာ့ ပံုစံမ်ိဳးစံုလာမွာေပါ့။ အဲဒီမွာ တာခ်ီလိတ္ခရိုင္ အေနနဲ႔ ဘာေတြ ေဆာင္ရြက္ေပးႏိုင္လဲ။ ခရိုင္အဆင့္မရရင္ ျပည္နယ္အဆင့္ ဆင္းမွာေပါ့။ နည္းပညာပိုင္း လိုအပ္လိုအပ္လို႔ရိွရင္ ဗဟိုကဆင္းမွာေပါ့။ ဒီလိုမ်ိဳးေလးေတြ ေပါင္းစပ္လုပ္ႏိုင္ေအာင္ေပါ့။ ခရိုင္မွာရိွတဲ့ လူနဲ႔ ပစၥည္းကိရိယာအားေပါ့။ ဘာေတြစုဖြဲ႕ႏိုင္သလဲ ျပမွာေပါ့။ သေႏၶတပ္ဖြဲ႕ဝင္ေတြက မိုင္းျဖတ္၊ မိုင္းေယာင္းက ေခၚမွာပါ။ အရန္ တပ္ဖြဲ႕ဝင္ေတြက တာခ်ီလိတ္ၿမို႕နယ္ထဲက ေခၚမွာပါ။ တာခ်ီလိတ္က တာေလငလ်င္နဲ႔ ဆက္စပ္ေနၿပီးေတာ့ အထပ္ျမင့္ အေဆာက္အဦးေတြ မ်ားလာတယ္။ ေက်ာင္းေတြမွာလည္း သဘာဝေဘးနဲ႔ ပတ္သက္ၿပီး ေဟာေျပာပြဲေတြ လုပ္ဖို႔ရိွတယ္"ဟု တာခ်ီလိတ္ခရိုင္မီးသတ္တပ္ဖြဲ႔မွ ခရိုင္မီးသတ္ဦးစီးမွဴး ဦးေက်ာ္ကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ငလ်င္ေဘးအတြင္း ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားသရုပ္ျပရန္အတြက္ ၾသဂုတ္လ (၂၄) ရက္ေန႔မွ (၂၇) ရက္ေန႔အထိ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ လူမႈေရးအသင္းအဖြဲ႕မ်ားက စုေပါင္းေလ့က်င့္သြားၾကမည္ ျဖစ္ေၾကာင္း သိရသည္။

ရွမ္းရိုးမကြင္းအတြင္း သရုပ္ျပျခင္းကို ၾသဂုတ္လ (၂၈) ရက္ေန႔ နံနက္ (၁၀) နာရီတြင္ က်င္းပမည္ျဖစ္ၿပီး မီးသတ္တပ္ဖြဲ႕ဝင္ (၁၆၁) ဦးမွ ပါဝင္သရုပ္ျပသြားမည္ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ငလျင်ဘေးအန္တရာယ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြ နှင့် အသိပညာပေး ဆောင်ရွက်မည်
**************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ငလျင်ဘေးအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြပွဲနှင့် ကျောင်းသားကျောင်းသူများအား အသိပညာပေးဟောပြောပွဲများကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့မှစ၍ ခရိုင်မီးသတ်တပ်ဖွဲ့က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဘေးအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြခြင်းကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ခရိုင်မီးသတ်တပ်ဖွဲ့က သြဂုတ်လ (၂) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"သဘာဝဘေးအန္တရာယ်မှာ ငလျင်အဓိကထား သရုပ်ပြမှာပေါ့။ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ရှာဖွေကယ်ဆယ်ရေးတွေ ပြသမှာပေါ့။ သဘာဝဘေးဖြစ်ရင်တော့ ပုံစံမျိုးစုံလာမှာပေါ့။ အဲဒီမှာ တာချီလိတ်ခရိုင် အနေနဲ့ ဘာတွေ ဆောင်ရွက်ပေးနိုင်လဲ။ ခရိုင်အဆင့်မရရင် ပြည်နယ်အဆင့် ဆင်းမှာပေါ့။ နည်းပညာပိုင်း လိုအပ်လိုအပ်လို့ရှိရင် ဗဟိုကဆင်းမှာပေါ့။ ဒီလိုမျိုးလေးတွေ ပေါင်းစပ်လုပ်နိုင်အောင်ပေါ့။ ခရိုင်မှာရှိတဲ့ လူနဲ့ ပစ္စည်းကိရိယာအားပေါ့။ ဘာတွေစုဖွဲ့နိုင်သလဲ ပြမှာပေါ့။ သန္ဓေတပ်ဖွဲ့ဝင်တွေက မိုင်းဖြတ်၊ မိုင်းယောင်းက ခေါ်မှာပါ။ အရန် တပ်ဖွဲ့ဝင်တွေက တာချီလိတ်မြို့နယ်ထဲက ခေါ်မှာပါ။ တာချီလိတ်က တာလေငလျင်နဲ့ ဆက်စပ်နေပြီးတော့ အထပ်မြင့် အဆောက်အဦးတွေ များလာတယ်။ ကျောင်းတွေမှာလည်း သဘာဝဘေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ လုပ်ဖို့ရှိတယ်"ဟု တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငလျင်ဘေးအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသရုပ်ပြရန်အတွက် သြဂုတ်လ (၂၄) ရက်နေ့မှ (၂၇) ရက်နေ့အထိ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းလေ့ကျင့်သွားကြမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းအတွင်း သရုပ်ပြခြင်းကို သြဂုတ်လ (၂၈) ရက်နေ့ နံနက် (၁၀) နာရီတွင် ကျင်းပမည်ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် (၁၆၁) ဦးမှ ပါဝင်သရုပ်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net