တာချီလိတ်မြို့တွင် အသက် (၅) လအရွယ် ကလေးငယ် အပါအဝင် COVID-19 အတည်ပြုလူနာ ကလေးငယ် (၃) ဦး ဆေးရုံဆင်း

တာချီလိတ်မြို့တွင် အသက် (၅) လအရွယ် ကလေးငယ် အပါအဝင် COVID-19 အတည်ပြုလူနာ ကလေးငယ် (၃) ဦး ဆေးရုံဆင်း
ဒီဇင်ဘာ 18, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် အသက် (၅) လအရွယ် ကလေးငယ် အပါအဝင် COVID-19 အတည်ပြုလူနာ ကလေးငယ် (၃) ဦး ဆေးရုံဆင်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ COVID 19 ကုသဆောင်များမှ အသက် (၅) လအရွယ်ကလေးငယ် (၁) ဦးအပါအဝင် ကလေးလူနာ (၃) ဦး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ရရှိသည်။
"(၅)လအရွယ်ကလေးငယ်ကတော့ အခု ဆေးရုံတက်နေတဲ့ အတည်ပြုလူနာထဲမှာ အငယ်ဆုံး ကလေးလူနာပေါ့။ ဒီနေ့ ကလေးလူနာ (၃) ဦးဆေးရုံဆင်းခွင့်ရတယ်"ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆေးရုံမှဆင်းခွင့်ရရှိသည့် ကလေးငယ် (၃) ဦးတွင် (၅) လအရွယ် မိန်းကလေး (၁) ဦး၊ (၁) နှစ်အရွယ် မိန်းကလေး(၁) ဦးနှင့် (၂) နှစ်အရွယ် ယောကျ်ားလေး (၁) ဦးတို့ဖြစ်ပြီး ဆေးရုံမှဆင်းခွင့်ရသည့် အတည်ပြုလူနာ ကလေးငယ် (၅) ဦးရှိပြီဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၈) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ကလေးငယ် (၈) ဦး ရှိနေပြီး ဆေးရုံဆင်းခွင့်ရသည့် ကလေးငယ် (၅) ဦးရှိလာပြီဖြစ်၍ ဆေးရုံတွင် အတည်ပြုလူနာကလေးငယ် (၃) ဦးကျန်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~