ရန်ကုန်သို့ Covid-19 ကုသရေးအတွက် အားဖြည့်ကူညီရန် Volunteer အဖြစ် သွားကြသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးတွင် Covid-19 ပိုးတွေ့

ရန်ကုန်သို့ Covid-19 ကုသရေးအတွက် အားဖြည့်ကူညီရန် Volunteer အဖြစ် သွားကြသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးတွင် Covid-19 ပိုးတွေ့
ဒီဇင်ဘာ 5, 2020
By Tachileik News Agency
ရန်ကုန်သို့ Covid-19 ကုသရေးအတွက် အားဖြည့်ကူညီရန် Volunteer အဖြစ် သွားကြသည့် ကျန်းမာရေးဝန်ထမ်း တစ်ဦးတွင် Covid-19 ပိုးတွေ့
ရန်ကုန်သို့ Covid-19 ကုသရေးလုပ်ငန်းများအတွက် အားဖြည့်ကူညီရန် Volunteer အဖြစ် သွားကြသည့် အဖွဲ့မှကျန်းမာရေးဝန်ထမ်းတစ်ဦးတွင် Covid-19 ပိုးတွေ့ရ၍ အတူသွားရောက်သူများကိုပါ ရန်ကုန်တွင် Quarantine ထားရှိပြီး မကွေး နှင့် မင်းဘူးမြို့မှ ထိတွေ့မှုရှိသူများကိုပါ Quarantine ထားလိုက်ရကြောင်း သိရသည်။ 
“ခုတစ်ခေါက်အထိ ရန်ကုန်ကို Volunteer အားဖြည့်ပေးတဲ့ မကွေးတိုင်းဒေသကြီး မြို့နယ်အသီးသီးက ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၁၈၂)ဦးအထိ ရှိခဲ့ပါပြီ။ မနေ့ကသွားကြတဲ့အထဲမှာ ကျွန်တော်တို့ မင်းဘူး ဆေးရုံက ဝန်ထမ်း (၃)ဦးပါရှိသွားတာမှာ ရန်ကုန်ရောက်လို့ စစ်ဆေးတဲ့အခါ တစ်ယောက်မှာ ပိုးတွေ့ရှိရ လို့ မကွေးနဲ့ မင်းဘူးက သူနဲ့ထိတွေ့မှုရှိသူတွေကို စစ်ဆေးနေပြီး ဆက်လက်လည်း လိုက်နေပါတယ်”ဟု မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများ ရန်ကုန်သို့ ၂၀၂၀ခုနှစ် ဒီဇင်ဘာ (၃)ရက်နေ့က Volunteer အဖြစ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်သို့ ရောက်ရှိရာတွင် ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ မင်းဘူးမှ လိုက်ပါသူကျန်းမာရေးဝန်ထမ်း အပြာဝတ်တစ်ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိသဖြင့် အတူသွား ရောက်ခဲ့သူများအား ရန်ကုန်တွင် Quarantine ထားရှိခြင်းဖြစ်သည်။
မကွေးတိုင်းဒေသကြီးတွင် COVID-19 ပိုးတွေ့အတည်ပြုလူနာနှင့်ထိတွေ့မှုရှိသူများ ကူးစက်ခံရမှုမှာ နေ့စဉ်နှင့် အမျှ တွေ့ရှိလျှက်ရှိနေရာ  ဒီဇင်ဘာ(၄)ရက်နေ့ တစ်နေ့ထဲတွင်  အတည်ပြုလူနာ (၅၃)ဦး ထပ်တိုးတွေ့ရှိသည့်အနက် (၁၇)ဦးမှာ ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိ၍ ကူးစက်ခံရသူများဖြစ်ကြောင်း သိရပြီး တိုင်း‌ဒေသကြီးအတွင်း ပိုးတွေ့လူနာ စုစုပေါင်းမှာ (၁,၅၁၂)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
  Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ- ကျန်းမာရေးဌာန

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~