တာချီလိတ်တွင် တရားမဝင်ရောက်နေသည့် ထိုင်းနိုင်ငံသားများကို ဥပဒေအရ အရေးယူပြီး ထိုင်းဘက်သို့ တရားဝင် မကြာမီ လွှဲပြောင်းမည်

တာချီလိတ်တွင် တရားမဝင်ရောက်နေသည့် ထိုင်းနိုင်ငံသားများကို ဥပဒေအရ အရေးယူပြီး ထိုင်းဘက်သို့ တရားဝင် မကြာမီ လွှဲပြောင်းမည်
ဒီဇင်ဘာ 9, 2020
By Tachileik News Agency
တာချီလိတ်တွင် တရားမဝင်ရောက်နေသည့် ထိုင်းနိုင်ငံသားများကို ဥပဒေအရ အရေးယူပြီး ထိုင်းဘက်သို့ တရားဝင် မကြာမီ လွှဲပြောင်းမည်
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စာရင်းကောက်ယူရရှိထားသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လဝက ဥပဒေဖြင့် တရားစွဲဆိုပြီး ထိုင်းနိုင်ငံသို့ တရားဝင် လွှဲပြောင်းသွားမည်ဖြစ်သည်။
“ဒီနေ့သူတို့ကို ဆေးစစ်မယ်။ ဆေးစစ်ပြီးရင် လဝက က ကိုယ်ရေး အချက်အလက်တွေကောက်မယ်။ တရားရုံးဖွင့်တဲ့အချိန် သူတို့က တရားစွဲမယ်။ တရားသူကြီးက ပြစ်ဒဏ်ချမယ်။ ပြစ်ဒဏ်ချပြီးရင် လဝက ကနယ်နှင်ခွင့်ကို လဝက ညွှန်ချုပ်ရုံးကို တင်မယ်။ ဝန်ကြီးဌာနက နယ်နှင်ခွင့်ပေးလို့ရှိရင် အဲဒီလူတွေကို တံတား(၂)ကနေ တရားဝင် လွှဲမယ်။ အဲဒီလုပ်ငန်းစဉ်အတိုင်း ဆက်လုပ်မယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောသည်။
တာချီလိတ်မြို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး တရားဝင်အထောက်အထား မပြသနိုင်သည့် ထိုင်းနိုင်ငံသားများကို နေရပ် ပြန်ပို့နိုင်ရေးအတွက် ဒီဇင်ဘာလ (၇) ရက်နေ့မှစတင်ပြီး စာရင်းကောက်ယူမှုများပြုလုပ်ခဲ့ရာတွင် လက်ရှိ အချိန်အထိ စာရင်းပေးသွင်းထားသူ (၇၀) ဦးကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
နယ်စပ်မြို့ တာချီလိတ်သို့ ထိုင်းနိုင်ငံသားများ တရားမဝင်ရောက်မှုများရှိနေပြီး COVID 19 ကူးစက်နေသည့် ကာလအတွင်း ထိုင်းနိုင်ငံဘက်သို့ နယ်စပ်မှ တရားမဝင်ဖြတ်၍ ပြန်ဝင်လာသည့် နိုင်ငံသားများ၌ COVID 19 ကူးစက် ခံထားရသည်ကို တွေ့ရသဖြင့် ထိုင်းဘက်က ၎င်းတို့ နိုင်ငံသားများ ခိုးဝင်ခြင်းအား တားဆီးနေခြင်းဖြစ်သည်။
တရားမဝင် လမ်းကြောင်းများမှ ပြန်လည်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား (၂၁) ဦးတွင် COVID-19 ရောဂါပိုးမျာ းစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် တရားမဝင် ထိုင်းနိုင်ငံသားများအား မြန်မာဘက်တွင် အရေးယူပြီး ပြန်လည်လွှဲပြောင်းပေးရန်အတွက် ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံတာဝန်ရှိသူများကို ညှိနှိုင်းလာခဲ့ကြောင်း သိရသည်။
ပုံအညွှန်း - တရားရုံးစွဲတင်ရန်အတွက် အချက်အလက်များ ဖြည့်နေစဉ်
 Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~