နေရပ်ပြန်လိုသည့် တာချီလိတ်မြို့မှ အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို ပထမအသုတ်အဖြစ် တရားရုံးစွဲတင်

နေရပ်ပြန်လိုသည့် တာချီလိတ်မြို့မှ အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို ပထမအသုတ်အဖြစ် တရားရုံးစွဲတင်
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
နေရပ်ပြန်လိုသည့် တာချီလိတ်မြို့မှ အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို ပထမအသုတ်အဖြစ် တရားရုံးစွဲတင် 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ပြည်တော်ပြန်လိုသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသား (၄၂) ဦးကို တာချီလိတ်မြို့နယ်တရားရုံးတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ပြစ်ဒဏ်ချမှတ်ပြီးပါက အထောက် အထားရှိသည့် (၂)ဦးနှင့်အတူ ထိုင်းဘက်သို့ ပြန်လွှဲမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့မှနေ၍ ပြည်တော်ပြန်လိုသည့် ထိုင်းနိုင်ငံသားများကို ထိုင်းဘက်သို့ တရားဝင်ပြန်လွှဲနိုင်ရန် လဝက က စာရင်းကောက်ယူပြီး အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို လဝကဥပဒေဖြင့် အရေးယူကာ ပြန်လွှဲပေးမည်ဖြစ်ရာ စာရင်းပေးထားသည့် အထောက်အထားမဲ့ထိုင်းနိုင်ငံသား (၄၂)ဦးကို ပထမဆုံးအသုတ်အဖြစ် မြို့နယ်တရားရုံး၌ အမှုစတင်စစ်ဆေးနေခြင်းဖြစ်သည်။
အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကို ဒီဇင်ဘာလ (၇) ရက်နေ့မှစတင်ပြီး စာရင်းကောက်ယူခဲ့ရာတွင် ဒီဇင်ဘာလ (၉)ရက်နေ့အထိ စာရင်းပေးသွင်းထားသည့် ထိုင်းနိုင်ငံသား (၇၀) ဦးကို COVID-19 ရောဂါစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် (၃၂) ဦး ထပ်မံစာရင်းပေးသွင်းလာ၍ စုစုပေါင်း (၁၀၂) ဦး ရှိလာခြင်းဖြစ်သည်။
လက်ရှိတွင် စာရင်းပေးသွင်းထားသူ (၁၀၂)ဦးလုံးကို COVID-19 စစ်ဆေးမှုပြုလုပ်ထားပြီး ယင်းတို့အနက် အထောက်အထားမဲ့ ထိုင်းနိုင်ငံသူ (၄) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိထား၍ ကုသဆောင်သို့ ပို့ဆောင်ထားခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာ (၄)ဦးကိုလည်း တရားရုံးတွင် မျက်ကွယ်၌အမိန့်ချမှတ်ပြီးပါက ဆေးရုံကားဖြင့် ထိုင်းဘက်သို့ ပြန်လွှဲမည်ဖြစ်သည်။
Tachileik News Agency
သတင်း- ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~