တာချီလိတ်မြို့မှ အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများနှင့် အတည်ပြုလူနာ (၅)ဦးအပါအဝင် ထိုင်းနိုင်ငံသား (၁၀၀)ကျော်ကို မယ်ဆိုင်မြို့သို့ လွှဲပြောင်း

တာချီလိတ်မြို့မှ အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများနှင့် အတည်ပြုလူနာ (၅)ဦးအပါအဝင် ထိုင်းနိုင်ငံသား (၁၀၀)ကျော်ကို မယ်ဆိုင်မြို့သို့ လွှဲပြောင်း
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများနှင့် အတည်ပြုလူနာ (၅)ဦးအပါအဝင် ထိုင်းနိုင်ငံသား (၁၀၀)ကျော်ကို မယ်ဆိုင်မြို့သို့ လွှဲပြောင်း
 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသား အတည်ပြုလူနာ (၅)ဦးအပါအဝင် စုစုပေါင်း (၁၀၄)ဦးအား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်သို့ လွှဲပြောင်းပေးလိုက်သည်။
လွှဲပြောင်းပေးလိုက်သည့် ထိုင်းနိုင်ငံသား (၁၀၄)ဦးတွင် တရားဝင်အထောက်အထားဖြင့်နေထိုင်သည့် (၇) ဦးမှလွဲ၍ ကျန်အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများအားလုံးကို တာချီလိတ်မြို့နယ်တရားရုံး၌  လဝကအက်ဥပဒေဖြင့် တစ်ဦးလျှင် ဒဏ်ငွေ (၃) သိန်းစီ ပေးဆောင်ထားပြီးသူများဖြစ်သည်။
COVID 19 ဒေသတွင်းကူးစက်မှုဖြစ်ပွားနေသည့် တာချီလိတ်မြို့မှနေ၍ ပြည်တော်ပြန်လိုသည့် အထောက် အထားမဲ့ ထိုင်းနိုင်ငံသား (၉၈) ဦးကို တာချီလိတ်မြို့နယ်တရားရုံး၌ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် လဝကအက်ဥပဒေ ၁၃(၁)ဖြင့် တစ်ဦးလျှင် ဒဏ်ငွေ ကျပ် (၃)သိန်းစီ ပြစ်ဒဏ်ချမှတ်ခဲ့သည့်အနက် ဒဏ်ငွေပေးဆောင်ပြီးသည့် (၉၇)ဦးနှင့် အထောက်အထားပြည့်စုံသည့် ထိုင်းနိုင်ငံသား (၇)ဦး စုစုပေါင်း (၁၀၄) ဦးကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှနေ၍ ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။
ပြန်လည်လွှဲပြောင်းပေးလိုက်သည့် (၁၀၄)ဦးတွင် တာချီလိတ်ရှိ COVID 19 ကုသဆောင်၌ ထားရှိသည့် အတည်ပြုလူနာ ထိုင်းအမျိုးသမီး (၅)ဦးလည်း ပါဝင်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~