တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် လူနာတင်ယာဥ် လိုအပ်နေ၍ စေတနာရှင်များ ပါဝင်လှူဒါန်းနိုင်

တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် လူနာတင်ယာဥ် လိုအပ်နေ၍ စေတနာရှင်များ ပါဝင်လှူဒါန်းနိုင်
ဒီဇင်ဘာ 15, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် လူနာတင်ယာဥ် လိုအပ်နေ၍ စေတနာရှင်များ ပါဝင်လှူဒါန်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Covid-19 ကာလအတွင်း တာဝန်များခွဲ၍ ကူညီပေးနေသည့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဉ်တစ်စီး လိုအပ်နေသဖြင့် စေတနာရှင်များအနေဖြင့် တတ်နိုင်သည့်ဘက်က လှူဒါန်းလိုပါသူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြကြောင်း သိရသည်။
"ကျွန်တော်တို့မြို့နယ်ကြက်ခြေနီအသင်းဆို COVID စဖြစ်ကတည်းကနေ quarantine စင်တာတွေကအစ ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီနောက်ပိုင်းဆို Positive ဖြစ်တဲ့လူနာတွေကို သယ်တာမျိုးမှာ လူနာတင်ယာဉ်လိုအပ်နေပါတယ်။"ဟု မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးက  ပြောသည်။
လက်ရှိတွင် တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲတွင် အသင်းပိုင်အနေဖြင့် ယာဉ်မရှိသေးသော်လည်း Covid-19 ကာလအတွင်း ဆေးဖြန်းခြင်း နှင့် Covid-19 ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ အပါအဝင် အများပြည်သူများ သိစေရေးအတွက် လှည့်လည်အသိပေးရာတွင်  အသင်းဝင်အချို့၏ ကိုယ်ပိုင်မော်တော်ယာဉ်များကိုသာ အသုံးပြုလုပ်ကိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲအတွက် လူနာတင်ယာဉ်လှူဒါန်းလိုသူများအနေဖြင့်  အသင်းခွဲ ဥက္ကဌ ဖုန်း ၀၉၅၂၅၀၉၃၉၊ အတွင်းရေမှူး ဖုန်း ၀၉၄၅၆၅၁၅၇၇၀ နှင့် လူငယ်ခေါင်းဆောင် ဖုန်း ၀၉၇၅၁၉၁၆၈၅၃ သို့ဆက်သွယ်၍ လှူဒါန်းနိုင်မည်ဖြစ်သည်။
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~