တာခ်ီလိတ္တြင္ တရားမဝင္တရုတ္ႏုိင္ငံသားမ်ား ဖမ္းဆီးမႈအတြင္း လက္နက္ခဲယမ္းမ်ားျဖင့္ ဖမ္းမိသူ ျမန္မာႏိုင္ငံသား(၃)ဦးကို လက္နက္မႈျဖင့္ အမႈဖြင့္ထား

တာခ်ီလိတ္တြင္ တရားမဝင္တရုတ္ႏုိင္ငံသားမ်ား ဖမ္းဆီးမႈအတြင္း လက္နက္ခဲယမ္းမ်ားျဖင့္ ဖမ္းမိသူ ျမန္မာႏိုင္ငံသား(၃)ဦးကို လက္နက္မႈျဖင့္ အမႈဖြင့္ထား
မေ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ တရားမဝင္ေနထုိင္သည့္ တရုတ္ႏုိင္ငံသားမ်ားအား ဖမ္းဆီးရရွိမႈအထဲက လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိသည့္ ျမန္မာႏိုင္ငံသား (၃)ဦးတုိ႔ကို လက္နက္မႈျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ေဟာင္လိတ္ရဲကင္းစခန္းမွဴး ဦးစီးသည့္တပ္ဖြဲ႕ႏွင့္သက္ေသမ်ား ပါဝင္သည့္ အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၁၃)ရက္ေန႔ နံနက္ (၁၀)နာရီခြဲတြင္ ဝိန္းေက်ာက္ရပ္ကြက္ရိွ အိမ္ၿခံဝင္းအား ဝင္ေရာက္ရွာေဖြရာ ၿခံဝင္းအဝင္တံခါးေပါက္ ယာဘက္ေဘး လံုၿခံဳေရးအိပ္ေဆာင္ ပထမခန္းတြင္ ဘီယာမင္အား က်ည္(၃၀)ပါက်ည္အိမ္တပ္လွ်က္ M 22 ေသနတ္တစ္လက္၊ ARMY စာတမ္းပါ က်ည္ကာအက်ႌ(၂)ထည္၊ က်ည္အိမ္ေဘာက္အတြင္း က်ည္အေတာင့္ (၃၀)စီပါသည့္ က်ည္ေဘာက္ (၅)ခုႏွင့္ (၂၉)ေတာင့္ပါ က်ည္ေဘာက္(၁)ခုတုိ႔ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ဒုတိယအခန္းတြင္း ရီဆာအား က်ည္ (၂၉)ေတာင့္ပါ က်ည္အိမ္တပ္လွ်က္ M 22 ေသနတ္တစ္လက္၊ ARMY တံဆိပ္ပါ က်ည္ကာအက်ီႌ(၁)ထည္၊ က်ည္ (၂၉)ေတာင့္စီပါ က်ည္အိမ္ (၂)ခုုတုိ႔အား ေတြ႔ရၿပီး ေနအိမ္ၿခံဝန္း ယာဘက္ၿခံစည္းရုုိုး နံရံအနီးရိွ စင္ေပၚတြင္ က်ရီွးဘိုအား က်ည္(၂၉)ေတာင့္ပါ က်ည္အိမ္တပ္လွ်က္ M 22 ေသနတ္တစ္လက္ႏွင့္အတူ ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနအိမ္ၿခံဝင္းအတြင္း ဝင္ေရာက္ဖမ္းဆီးမႈမွ M 22 ေသနတ္ (၃)လက္၊ က်ည္အိမ္ (၁၁)ခု၊ က်ည္ (၃၂၅)ေတာင့္၊ က်ည္ကာအက်ီ ၤ (၃)ထည္တုိ႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“"အခု တရုတ္ေတြကို တစ္ေနရာတည္းခ်ဳပ္ဖို႔ မႏိုင္လို႔ ခြဲၿပီးခ်ဳပ္ေနရတယ္။ အြန္လိုင္းဂိမ္းမႈ၊ လက္နက္မႈ၊ မူးယစ္ေဆးဝါးမႈေတြရယ္ ၿပီးရင္ လ၀ကမႈနဲ အကုန္တရားစြဲမွာေပါ့။  လက္နက္မႈဆို လက္နက္နဲ႔ ပတ္သက္တဲ့သူကို ဖြင့္တယ္။"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ ကိုကိုဦးက ေမလ (၁၄)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိသူ (၃)ဦးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၆၁/၂၀၁၉၊ ရွမ္းျပည္နယ္လက္နက္အမိန္႔ အပိုဒ္ ၁၂(က)/ ၁၂(၈)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KHS



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးရရှိမှုအထဲက လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသည့် မြန်မာနိုင်ငံသား (၃)ဦးတို့ကို လက်နက်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဟောင်လိတ်ရဲကင်းစခန်းမှူး ဦးစီးသည့်တပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့် အဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၁၃)ရက်နေ့ နံနက် (၁၀)နာရီခွဲတွင် ဝိန်းကျောက်ရပ်ကွက်ရှိ အိမ်ခြံဝင်းအား ဝင်ရောက်ရှာဖွေရာ ခြံဝင်းအဝင်တံခါးပေါက် ယာဘက်ဘေး လုံခြုံရေးအိပ်ဆောင် ပထမခန်းတွင် ဘီယာမင်အား ကျည်(၃၀)ပါကျည်အိမ်တပ်လျှက် M 22 သေနတ်တစ်လက်၊ ARMY စာတမ်းပါ ကျည်ကာအင်္ကျီ(၂)ထည်၊ ကျည်အိမ်ဘောက်အတွင်း ကျည်အတောင့် (၃၀)စီပါသည့် ကျည်ဘောက် (၅)ခုနှင့် (၂၉)တောင့်ပါ ကျည်ဘောက်(၁)ခုတို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယအခန်းတွင်း ရီဆာအား ကျည် (၂၉)တောင့်ပါ ကျည်အိမ်တပ်လျှက် M 22 သေနတ်တစ်လက်၊ ARMY တံဆိပ်ပါ ကျည်ကာအင်္ကျီ(၁)ထည်၊ ကျည် (၂၉)တောင့်စီပါ ကျည်အိမ် (၂)ခုတို့အား တွေ့ရပြီး နေအိမ်ခြံဝန်း ယာဘက်ခြံစည်းရိုး နံရံအနီးရှိ စင်ပေါ်တွင် ကျရှီးဘိုအား ကျည်(၂၉)တောင့်ပါ ကျည်အိမ်တပ်လျှက် M 22 သေနတ်တစ်လက်နှင့်အတူ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးမှုမှ M 22 သေနတ် (၃)လက်၊ ကျည်အိမ် (၁၁)ခု၊ ကျည် (၃၂၅)တောင့်၊ ကျည်ကာအင်္ကျီ (၃)ထည်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“"အခု တရုတ်တွေကို တစ်နေရာတည်းချုပ်ဖို့ မနိုင်လို့ ခွဲပြီးချုပ်နေရတယ်။ အွန်လိုင်းဂိမ်းမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေရယ် ပြီးရင် လဝကမှုနဲ အကုန်တရားစွဲမှာပေါ့။ လက်နက်မှုဆို လက်နက်နဲ့ ပတ်သက်တဲ့သူကို ဖွင့်တယ်။"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦးက မေလ (၁၄)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသူ (၃)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၆၁/၂၀၁၉၊ ရှမ်းပြည်နယ်လက်နက်အမိန့် အပိုဒ် ၁၂(က)/ ၁၂(၈)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KHS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net