မိုင်းဖြတ်မြို့တွင် COVID-19 တွေ့ရသည့် အမျိုးသမီး (၂) ဦး အလုပ် လုပ်ကိုင်ခဲ့သော တာချီလိတ်မှ ဝမ်ကျောက်လုံငါးကန်(Sky View )စားသောက်ဆိုင်ကို အသွား အလာကန့်သတ်ထား

မိုင်းဖြတ်မြို့တွင် COVID-19 တွေ့ရသည့် အမျိုးသမီး (၂) ဦး အလုပ် လုပ်ကိုင်ခဲ့သော တာချီလိတ်မှ ဝမ်ကျောက်လုံငါးကန်(Sky View )စားသောက်ဆိုင်ကို အသွား အလာကန့်သတ်ထား
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့တွင် COVID-19 တွေ့ရသည့် အမျိုးသမီး (၂) ဦး အလုပ် လုပ်ကိုင်ခဲ့သော တာချီလိတ်မှ ဝမ်ကျောက်လုံငါးကန်(Sky View )စားသောက်ဆိုင်ကို အသွား အလာကန့်သတ်ထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် COVID-19 Positive တွေ့ရှိသည့် အမျိုးသမီး (၂) ဦး အလုပ် လုပ်ကိုင်ခဲ့သည့် တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာအတွင်းရှိ ဝမ်ကျောက်လုံငါးကန်(Sky View )စားသောက်ဆိုင်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့ ညပိုင်းက အသွားအလာကန့်သတ်လိုက်ကြောင်း သိရသည်။
“အဖွဲ့တွေ ညနေ (၆) နာရီခွဲလောက်မှာ သွားကြတယ်။ ည (၈) နာရီမှာ အသွားအလာကန့်သတ်မှု ပြီးတယ်။ ဆိုင်မှာ လူမရှိတော့ဘူး။ အစောင့်ကောင်မလေး (၁) ယောက်ပဲရှိတော့တယ်”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၂)ရက်နေ့ ညပိုင်းက ပြောသည်။
တာချီလိတ်မြို့ရှိ အဆိုပါ စားသောက်ဆိုင်တွင် အလုပ် လုပ်ကိုင်ပြီး မိုင်းဖြတ်မြို့သို့ ပြန်လာသည့် အသက် (၁၇) နှစ်နှင့် (၁၈) နှစ်အရွယ် အမျိုးသမီး (၂) ဦးကို ဒီဇင်ဘာလ (၂)ရက်နေ့ ညနေပိုင်း၌ စစ်ဆေးရာမှ COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ည(၈)နာရီခွဲဝန်းကျင်အချိန်က ပို့ဆောင်ထားသည်။
တာချီလိတ်တွင် နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ ဒေသတွင်းကူးစက်မှုအဖြစ် တွေ့လာရပြီးနောက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့အထိ ရပ်ကွက် (၉) ရက်ကွက်တွင် နေအိမ် (၁၆) လုံး၊ 1G1 7Hotel နှင့် ဆန်ဆိုင်းဟိုတယ် စုစုပေါင်းဟိုတယ် (၂) လုံး၊ ကျေးရွာအုပ်စု (၆) အုပ်စုရှိ ကျေးရွာ (၁၆၉) ရွာနှင့် အာခါငါးကန် နှင့် ဝမ်ကျောက်လုံငါးကန်(Sky View )စားသောက်ဆိုင် စုစုပေါင်း (၂) ဆိုင်ကို အသွားအလာကန့်သတ်လိုက်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~