မိုင်းယောင်းမြို့မှ Covid-19 အတည်ပြုလူနာ (၂)ဦး ဆေးရုံဆင်း

မိုင်းယောင်းမြို့မှ Covid-19 အတည်ပြုလူနာ (၂)ဦး ဆေးရုံဆင်း
ဒီဇင်ဘာ 16, 2020
By Tachileik News Agency

မိုင်းယောင်းမြို့မှ Covid-19 အတည်ပြုလူနာ (၂)ဦး ဆေးရုံဆင်း 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့မှ အတည်ပြုလူနာ အမျိုးသမီး (၂) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီဖြစ်၍ မိုင်းယောင်းမှ ဆေးရုံဆင်းလူနာ (၅)ဦးရှိလာပြီဖြစ်သည်။
မိုင်းယောင်းမြို့နယ်တွင် ပထမဆုံး Covid-19 ပိုးတွေ့ရှိခဲ့သည့် အတည်ပြုလူနာအမျိုးသမီး (၃) ဦးမှာ ဒီဇင်ဘာလ (၁၅)ရက်နေ့က ဆေးရုံဆင်းခွင့်ရထားပြီး နောက်ထပ် (၂)ဦးမှာ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဆေးရုံဆင်းခွင့်ရသွားခြင်းဖြစ်ကာ နေအိမ်၌ အသွားအလာကန့်သတ်၍ (၇)ရက်နေထိုင်ရမည်ဖြစ်သည်။
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ (၄) ရက်နေ့မှစ၍ Covid-19 အတည်ပြုလူနာစတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ (၁၄) ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိထားသူ (၉)ဦးရှိသည့်အနက် (၅)ဦး ဆေးရုံဆင်းခွင့်ရသွားခြင်းဖြစ်သည်။
မိုင်းယောင်းမြို့နယ်တွင် Covid-19 အတည်ပြုလူနာများကို ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ လေးထပ်တိုက်၌ ဖွင့်ထားသည့် ကုသဆောင်၌ ထားရှိခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~