မြန်မာနိုင်ငံအတွင်း COVID 19 အတည်ပြုလူနာ တစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ

မြန်မာနိုင်ငံအတွင်း COVID 19 အတည်ပြုလူနာ တစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ
ဧပြီ 8, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်း  COVID 19 အတည်ပြုလူနာ တစ်ဦး ဆေးရုံမှ ဆင်းခွင့်ရ 

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့က ဓါတ်ခွဲစစ်ဆေးသည့် လူနာ (၃၃)ဦးတွင် ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိပြီး နေပြည်တော်ဆေးရုံမှ အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

ဧပြီလ (၈)ရက်နေ့အထိ အတည်ပြုလူနာ (၂၂)ဦးတွင် ပထမဆုံး ဆေးရုံဆင်းခွင့်ရသူ (၁)ဦး ရှိလာခြင်းဖြစ်ပြီး သေဆုံးသူမှာ (၃)ဦးရှိနေခြင်း ဖြစ်သည်။

ဆေးရုံဆင်းခွင့်ရ လူနာမှာ မတ်လ (၂၇) ရက်နေ့က အတည်ပြုလူနာ (Case 7) အဖြစ် နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူဖြစ်ပြီး ၎င်းထံမှ ဒုတိယအကြိမ် ဓာတ်ခွဲ နမူနာအား ဧပြီလ (၄)ရက်နှင့်  တတိယအကြိမ် ဓာတ်ခွဲနမူနာအား ဧပြီလ(၇) ရက်နေ့တို့တွင် ရယူစစ်ဆေးခဲ့ရာ ထပ်မံစစ်ဆေးသည့် (၂) ကြိမ် စလုံးတွင် COVID-19 ရောဂါပိုး မရှိကြောင်း  တွေ့ရှိရသဖြင့် ဧပြီလ (၈)ရက်နေ့ ညနေပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်ထားသည့် နေရာတွင် (၁၄) ရက် စောင့်ကြပ်ကြည့်ရှုရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

အတည်ပြု လူနာ (၁၈)ဦးမှာ  ချင်းပြည်နယ်ရှိ တီးတိန် ပြည်သူ့ဆေးရုံ၊  ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံကြီး၊ မန္တလေးမြို့ရှိ ကန်တော်နဒီ ဆေးရုံ၊ ရှမ်းပြည်နယ်ရှိ လားရှိုးပြည်သူ့ဆေးရုံတို့တွင် ကုသမှုခံယူနေဆဲဖြစ်ပြီး အခြေအနေကောင်းမွန်နေကြောင်း သိရသည်။

ပြည်မြို့ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာ (၃)ဦးကို ဧပြီလ (၈)ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဧပြီလ (၇)ရက်နေ့ ညနေ (၆)နာရီမှ ဧပြီလ (၈)ရက်နေ့ ညနေ (၆) နာရီအထိ (၂၄)နာရီအတွင်း စောင့်ကြည့်လူနာအသစ် (၄၄)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~