တာချီလိတ်တွင် တရားမဝင်နေထိုင်မှုဖြင့် ဒဏ်ကြေးဆောင်ပြီး ထိုင်း (၂၇)ဦးနှင့် တရားဝင်နေထိုင်သူ (၅)ဦးတို့ကို မယ်ဆိုင်ဘက်သို့ လွှဲပြောင်း

တာချီလိတ်တွင် တရားမဝင်နေထိုင်မှုဖြင့် ဒဏ်ကြေးဆောင်ပြီး ထိုင်း (၂၇)ဦးနှင့် တရားဝင်နေထိုင်သူ (၅)ဦးတို့ကို မယ်ဆိုင်ဘက်သို့ လွှဲပြောင်း
ဒီဇင်ဘာ 23, 2020
By Tachileik News Agency
တာချီလိတ်တွင် တရားမဝင်နေထိုင်မှုဖြင့် ဒဏ်ကြေးဆောင်ပြီး ထိုင်း (၂၇)ဦးနှင့် တရားဝင်နေထိုင်သူ (၅)ဦးတို့ကို မယ်ဆိုင်ဘက်သို့ လွှဲပြောင်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် တရားမဝင်နေထိုင်၍ လဝကဥပဒေအရ ဒဏ်ကြေးငွေ ပေးဆောင်ပြီးဖြစ်သည့် ထိုင်းနိုင်ငံသား အတည်ပြုလူနာ (၁)ဦးအပါအဝင် စုစုပေါင်း (၂၇) ဦးနှင့် တရားဝင်နေထိုင်သူ (၅)ဦး စုစုပေါင်း ထိုင်း (၃၂)ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၌ မယ်ဆိုင်ဘက်သို့ လွှဲပြောင်းသည်။
 တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၂၀)ဦးကို လဝကဥပဒေဖြင့် အရေးယူပြီး ထိုင်းဘက်သို့ ပြန်လွှဲရန် COVID 19 စစ်ဆေးပေးရာ ထိုင်းအမျိုးသား (၁)ဦး၌ COVID 19 ကူးစက်ခံထားရသည်ကို ဒီဇင်ဘာလ (၂၁)ရက်နေ့က စစ်ဆေးတွေ့ရသဖြင့် ကုသဆောင်သို့ ပို့ထားခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာအပါအဝင် ဒဏ်ကြေးဆောင်ပြီးဖြစ်သည့် ထိုင်းနိုင်ငံသား (၇)ဦး၊ အမျိုးသမီး (၂၀)ဦး၊ တရားဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား (၅) ဦး စုစုပေါင်း (၃၂) ဦးကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှတစ်ဆင့် မယ်ဆိုင်ဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အတည်ပြုလူနာကို လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးထားခြင်းဖြစ်သည်။
ယခုလွှဲပြောင်းပေးမှုမှာ တာချီလိတ်မြို့နယ်အတွင်း တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသားများကို လဝကဥပဒေဖြင့် အရေးယူပြီး ပြန်လည်လွှဲပြောင်းပေးသည့် ဒုတိယအကြိမ်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~