က်ဳိင္းတံုၿမိဳ႕ရွိ ေနာင္ဖာရဲကင္းေရွ႕တြင္ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပား အနည္းငယ္ရွာေဖြေတြ႔ရွိရ၍ ဖမ္းဆီးအေရးယူ

က်ဳိင္းတံုၿမိဳ႕ရွိ ေနာင္ဖာရဲကင္းေရွ႕တြင္ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးျပား အနည္းငယ္ရွာေဖြေတြ႔ရွိရ၍ ဖမ္းဆီးအေရးယူ
မေ 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္ ေနာင္ဖာရဲကင္းေရွ႕တြင္ အမ်ိဳးသားတစ္ဦးကို စိတ္ၾကြရူးသြပ္ေဆးျပား (၁၇)ျပားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၉ ခုႏွစ္ ေမလ (၁၀)ရက္ေန႔ ည(၁၀)နာရီခြဲအခ်ိန္တြင္ ေရွာင္တခင္ပိတ္ဆုိ႔စစ္ေဆးရာ ကတ္ေတာင္ေက်းရြာဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းဘက္သို႔ လမ္းေလွ်ာက္လာသည့္ မင္းသိန္းထြန္းအား စစ္ေဆးရာမွ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ စိတ္ၾကြေဆးျပားသံုးစြဲရန္ သြားေရာက္ဝယ္ယူၿပီးျပန္လာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပား (၁၇)ျပားႏွင့္ဖမ္းမိသည့္ မင္းသိန္းထြန္းအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၁၈/၁၉၊ မူး/စိတ္ပုဒ္မ ၁၆(ဂ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း  - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် နောင်ဖာရဲကင်းရှေ့တွင် အမျိုးသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၁၇)ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၉ ခုနှစ် မေလ (၁၀)ရက်နေ့ ည(၁၀)နာရီခွဲအချိန်တွင် ရှောင်တခင်ပိတ်ဆို့စစ်ဆေးရာ ကတ်တောင်ကျေးရွာဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ လမ်းလျှောက်လာသည့် မင်းသိန်းထွန်းအား စစ်ဆေးရာမှ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် စိတ်ကြွဆေးပြားသုံးစွဲရန် သွားရောက်ဝယ်ယူပြီးပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြား (၁၇)ပြားနှင့်ဖမ်းမိသည့် မင်းသိန်းထွန်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၁၈/၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net