တာချီလိတ်မြို့ရှိ အထက-ခွဲ(ပုန်းထွန်)တွင် Quarantine ထားရှိနိုင်ရန် ပြင်ဆင်

တာချီလိတ်မြို့ရှိ အထက-ခွဲ(ပုန်းထွန်)တွင် Quarantine ထားရှိနိုင်ရန် ပြင်ဆင်
ဒီဇင်ဘာ 2, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ အထက-ခွဲ(ပုန်းထွန်)တွင် Quarantine ထားရှိနိုင်ရန် ပြင်ဆင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ  အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)တွင် COVIDE-19 Positive လူနာများနှင့် ထိတွေ့မိသူများကို Quarantine ထားရှိနိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် စတင်ပြင်ဆင်နေသည်။
“ပုန်းထွန်မှာ Quarantine ထားဖို့လုပ်နေပြီ။ ဒီနေ့ဝင်လာတဲ့အဖွဲ့တွေ အဲဒီမှာထားမယ်။ လူ (၉၀) စာလောက်မှန်းထားတယ်”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့ ညပိုင်းအထိ COVID-19 အတည်ပြုလူနာ (၅၅) ဦးရှိသည်အနက် (၁)ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရသွားပြီး ၎င်းတို့နှင့် ထိတွေ့သူများကို တာလော့ကျောင်းတွင် Quarantine ထားရှိသူ (၂၁) ဦး၊ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းများတွင် Quarantine ထားရှိသူ (၄၆) ဦးရှိနေပြီး လက်ရှိတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)ကို Quarantine Center အဖြစ်လုပ်ဆောင်နေသည်။

 Tachileik News Agency

သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~