ရှမ်းပြည်နယ်သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေကြောင်းဖြင့် လာရောက်သူအားလုံး quarantine နေပြီးမှ RDT သို့မဟုတ် PCR စနစ်ဖြင့် COVID 19 ထပ်မံ စစ်ဆေးရမည်

ရှမ်းပြည်နယ်သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေကြောင်းဖြင့် လာရောက်သူအားလုံး quarantine နေပြီးမှ RDT သို့မဟုတ် PCR စနစ်ဖြင့် COVID 19 ထပ်မံ စစ်ဆေးရမည်
ဒီဇင်ဘာ 16, 2020
By Tachileik News Agency
ရှမ်းပြည်နယ်သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေကြောင်းဖြင့် လာရောက်သူအားလုံး quarantine နေပြီးမှ RDT သို့မဟုတ် PCR စနစ်ဖြင့် COVID 19 ထပ်မံ စစ်ဆေးရမည်
ရှမ်းပြည်နယ်သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လေကြောင်းဖြင့် လာရောက်သူအားလုံး hotel quarantine နေထိုင်ပြီး (၃) ရက်မြောက်နေ့ သို့မဟုတ် (၇) ရက်မြောက်နေ့၌ COVID 19 ထပ်မံစစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။
လေကြောင်းခရီးစီးနင်းမည့်သူများအနေဖြင့် လေယာဉ်မထွက်ခွာမီ (၃၆)နာရီအတွင်း COVID 19 စစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံချက် ပါဝင်ရမည့်အပြင် ရှမ်းပြည်နယ်တွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူများအနေဖြင့် COVID 19 ထပ်မံစစ်ဆေးခံရမည်ဖြစ်သည်။
အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူများအနေဖြင့် COVID 19 စစ်ဆေးခြင်းအား PCR နည်းဖြင့် စစ်ဆေးခြင်းနှင့် RDT ဖြင့် စစ်ဆေးခြင်းအား ရွေးချယ်နိုင်မည်ဖြစ်ပြီး PCR ဖြင့် စစ်ဆေးမည်ဆိုပါက hotel quarantine (၃) ရက်မြောက်နေ့၌ swab ယူကာ ဓာတ်ခွဲအဖြေရသည်နှင့် hotel quarantine ထွက်နိုင်မည်ဖြစ်သည်။
RDT ဖြင့် စစ်ဆေးလိုသူများအနေဖြင့် hotel quarantine (၇) ရက်မြောက်နေ့၌ စစ်ဆေးခံပြီး COVID 19 ပိုးမတွေ့ပါက quarantine ထွက်နိုင်မည်ဖြစ်သည်။
 
PCR ဖြင့် စစ်ဆေးမှုခံယူမည်ဆိုပါက စစ်ဆေးခ ကျပ် (၃၅၀၀၀) ပေးဆောင်ရမည်ဖြစ်ပြီး RDT ဖြင့် စစ်ဆေးပါက ကျပ် (၁၀၀၀၀) ပေးဆောင်ရမည်ဖြစ်သည်။
ယင်းအပြင် သက်ဆိုင်ရာမြို့သို့ ရောက်ရှိပါက ဒေသဆိုင်ရာကျန်းမာရေးဌာန၏ စစ်ဆေးမှုများ၊ လိုအပ်သော အသွားအလာကန့်သတ်ထားရှိခြင်းနှင့် ဒေသန္တရအမိန့်များအား မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~