တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အတည်ပြုလူနာ (၄)ဦးနေထိုင်ခဲ့သည့် နေအိမ်အခန်းငှားကို အသွားအလာ ကန့်သတ်ထား

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အတည်ပြုလူနာ (၄)ဦးနေထိုင်ခဲ့သည့် နေအိမ်အခန်းငှားကို အသွားအလာ ကန့်သတ်ထား
နိုဝင်ဘာ 27, 2020
By Tachileik News Agency
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း အတည်ပြုလူနာ (၄)ဦးနေထိုင်ခဲ့သည့် နေအိမ်အခန်းငှားကို အသွားအလာ ကန့်သတ်ထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက RDT ဖြင့် စစ်ဆေးမှုအတွင်း COVID 19 positive တွေ့ရသူ (၄) ဦးနေထိုင်သည့် နေအိမ်လိုင်းခန်းကို တာချီလိတ်မြို့နယ် COVID 19 ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက အသွားအလာကန့်သတ်လိုက်ပြီဖြစ်သည်။
“ဒီနေ့ အတည်ပြုလူနာ (၄)ဦးထွက်တာနဲ့ သူတို့နေတဲ့ ဆန်ဆိုင်း(ခ)က လိုင်းခန်းကို မြို့နယ်ကိုဗစ်ကော်မတီက lock down လုပ်လိုက်တယ်။ အဲဒီမှာနေသူတွေ စားရေးသောက်ရေးကအစစီစဉ်ပြီး lock down လုပ်တယ်။ သူတို့နေတာက အခန်း (၃)ခန်း။ ကျန်တဲ့အခန်းကလူတွေကိုလည်း အကျိုးအကြောင်းပြောပြပြီး တစ်ခုခု ကျန်းမာရေးအခြေအနေ ထူးခြားတာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေလည်း ပေးထားတယ်”ဟု အသွားအလာကန့်သတ်ရေးတွင် ပါဝင်ကူညီပေးသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နိုဝင်ဘာလ (၂၅)ရက်နေ့က တွေ့ရသည့် အတည်ပြုလူနာ(၁)ဦးနေထိုင်ရာ အခန်းကို ပိုးသတ်ဆေးဖြန်း၍ ပိတ်ထားပြီး ၎င်းအလုပ်လုပ်သည့် 1G1 ဟိုတယ်ကိုတည်း ဟိုတယ်တာဝန်ရှိသူတို့က ဝန်ထမ်းများအား အပြင်မထွက်စေဘဲထားရှိကာ ပိုးသတ်ဆေးဖြန်းထားကြောင်း သိရသည်။
နိုဝင်ဘာလ (၂၅)ရက်နေ့က တွေ့ရသည့် အတည်ပြုလူနာနေထိုင်ရာ ပုန်းထွန်ရပ်ကွက်နေအိမ်လိုင်းခန်းနှင့် 1G1 ဟိုတယ်တို့အား လက်ရှိအချိန်ထိ lock down လုပ်ထားခြင်းမရှိသေးဘဲ ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပြီးမှ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~