ကျိုင်းတုံနှင့် မိုင်းဖြတ်မှ ဓါတ်ခွဲနမူနာပို့ထားသူ (၃)ဦးတွင် COVID 19 ပိုးမတွေ့ရ

ကျိုင်းတုံနှင့် မိုင်းဖြတ်မှ ဓါတ်ခွဲနမူနာပို့ထားသူ (၃)ဦးတွင် COVID 19 ပိုးမတွေ့ရ
ဧပြီ 6, 2020
By Tachileik News Agency
ကျိုင်းတုံနှင့် မိုင်းဖြတ်မှ ဓါတ်ခွဲနမူနာပို့ထားသူ (၃)ဦးတွင် COVID 19 ပိုးမတွေ့ရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့တို့မှ စောင့်ကြည့်လူနာ (၂)ဦးနှင့် လမ်းဘေးချောက်အတွင်း လဲကျသေဆုံး (၁)ဦးတို့၏ ဓါတ်ခွဲနမူနာများတွင် COVID-19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့၌ ဓါတ်ခွဲအဖြေရရှိသည်။

ရှမ်းအရှေ့က အားလုံး negative ပါ။ စောင့်ကြည့်လူနာက မိုင်းဖြတ် (၁)ယောက်၊ ကျိုင်းတုံ (၂)ယောက်ပါ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၆)ရက်နေ့ ညပိုင်းတွင် ပြောသည်။

ကျိုင်းတုံဆေးရုံတွင် ကုသပေးနေသည့် စောင့်ကြည့်လူနာ (၁)ဦးနှင့် လမ်းဘေးချောက်အတွင်း ပြုတ်ကျသေဆုံးသွားသူ (၁)ဦးတို့၏ ဓါတ်ခွဲနမူနာများကို ပို့စစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် စောင့်ကြည့်လူနာ ကလေးငယ်၏ ဓါတ်ခွဲအဖြေတွင်လည်း COVID 19 ပိုးမတွေ့ရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဧပြီလ(၅)ရက်နေ့အတွက် စောင့်ကြည့်သံသယ နှင့် ဓါတ်ခွဲအဖြေစောင့်သူများမရှိကြောင်းသိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~