တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိထားသည့် ထိုင်းနိုင်ငံသူ အတည်ပြုလူနာ (၅)ဦးကို မယ်ဆိုင်မြို့သို့ လွှဲပြောင်းပေးမည်

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိထားသည့် ထိုင်းနိုင်ငံသူ အတည်ပြုလူနာ (၅)ဦးကို မယ်ဆိုင်မြို့သို့ လွှဲပြောင်းပေးမည်
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိထားသည့် ထိုင်းနိုင်ငံသူ အတည်ပြုလူနာ (၅)ဦးကို မယ်ဆိုင်မြို့သို့ လွှဲပြောင်းပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ COVID 19 ကုသရေးဆောင်မှ ထိုင်းနိုင်ငံသူ အတည်ပြုလူနာ (၅)ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ လွှဲပြောင်းပေးမည်ဖြစ်သည်။
"အဓိက ကတော့ safe ဖြစ်အောင် လွှဲရုံပါပဲ။ ပြင်းထန်လူနာတွေ မဟုတ်တော့ ventilator နဲ့တွဲပြီး လွှတ်ရမှာမျိုးတွေ ဘာတွေ မရှိတော့ ပြဿနာ မရှိပါဘူး။ အရေးအကြီးဆုံးက ဒီဘက်မှာ ရှိထားတဲ့ ဥပမာ (၄)ရက်နေ့က တွေ့ထားတဲ့ကလေးဆို ဆေးရုံမှာ (၆)ရက်အချိန်ကုန်ပြီးပြီဆိုတာမျိုး ပါသွားဖို့ပေါ့နော်။ အဲဒီအချက်အလက်တွေကသာ အရေးကြီးတာလေ။ ဟိုဘက်မှာ ကိုယ်ဆီထက်တော့ facility ပိုကောင်းမယ်လေ။ သူတို့လည်း သွားချင်မှာပေါ့။ အဲဒါကြောင့် ကျွန်တော်တို့က လွှဲပေးတယ်ပေါ့။"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်တွင် တရားမဝင် ရောက်ရှိနေထိုင်နေသည့် ထိုင်းနိုင်ငံသားများ နယ်စပ်မှ ခိုးပြန်လာခြင်းအား ထိုင်းဘက်က တင်းကြပ်စွာတားမြစ်လိုက်ရာ တရားဝင်လမ်းကြောင်းမှ ပြန်နိုင်ရေးအတွက် တာချီလိတ်ဘက်တွင် လဝက အက်ဥပဒေဖြင့် အရေးယူခံပြီး ထိုင်းဘက်တရားဝင်ပြန်ရန် ဆက်သွယ်စာရင်းပေးလာကြခြင်းဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ ဒီဇင်ဘာလ (၇)ရက်နေ့မှစ၍ ပြည်တော်ပြန်လိုသည့် ထိုင်းနိုင်ငံသားများ ဆက်သွယ်စာရင်းပေးလာကြရာ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ စာရင်းပေးထားသူ (၁၀၂)ဦးကို COVID 19 စစ်ဆေးရာမှ ထိုင်းအမျိုးသမီး (၄)ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာ ထိုင်းအမျိုးသမီး (၄)ဦးအား COVID 19 ကုသဆောင်တွင် ထားရှိကာ လဝကအက်ဥပဒေအရ ဒဏ်ငွေပေးဆောင်စေပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ထိုင်းနိုင်ငံဘက်သို့ လူနာတင်ယာဉ်ဖြင့် လွှဲပေးရန် စီစဉ်နေစဉ် ဒီဇင်ဘာလ (၄) ရက်နေ့က တော်ကော့ရပ်ကွက်မှ အတည်ပြုလူနာအမျိုးသမီး မကျူဖလန့်ကလည်း ထိုင်းနိုင်ငံသားဖြစ်သည်ဟု စာရင်းပေးလာသဖြင့် စုစုပေါင်း လွှဲပေးရမည့် အတည်ပြုလူနာ (၅)ဦးရှိလာခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~