တာချီလိတ်မြို့နယ်အတွင်း တပ်မတော်သားများအတွက် တပ်ပြင်ပ မဲရုံများ ဖွင့်လှစ်ပေးရန် စီစဉ်ထား

တာချီလိတ်မြို့နယ်အတွင်း တပ်မတော်သားများအတွက် တပ်ပြင်ပ မဲရုံများ ဖွင့်လှစ်ပေးရန် စီစဉ်ထား
စက်တင်ဘာ 12, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း တပ်မတော်သားများအတွက် တပ်ပြင်ပ မဲရုံများ ဖွင့်လှစ်ပေးရန် စီစဉ်ထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် တပ်ပြင်ပမဲရုံများ ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
“ကျွန်တော်တို့မှာ (၃၃၁) တို့၊ (၃၅၉) ရှိတယ်။ (၅၂၆) ရှိတယ်။ ဗျူဟာရှိတယ်။ ဒီအနီးအနားမှာရှိတဲ့တပ်တွေက တပ်မတော်သားတွေက အခြားသူတွေနဲ့ရောနှောပေးရင် အချိန်ကုန်တယ်။ တပ်မတော် တာဝန်ထမ်းဆောင်ရတာတွေ ရှိတယ်။ တပ်ပြင်မဲရုံမှာ သီးခြားပေးချင်တယ်။ တာဝန်ထမ်းဆောင်ရတဲ့ အပိုင်းလေးတွေရှိတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ UEC တို့ ညှိနှိုင်းဆောင်ရွက်တဲ့အခါ တပ်အပြင်မှာ သီးခြားဆောင်ရွက်ပေးပါလို့ UEC က ညွှန်ကြားလို့ ဟောင်လိတ်(အထက)မှာ မဲပေးရမှာပေါ့”ဟု တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့တွင် ပြောသည်။
တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ တပ်ပြင်ပတွင် သီးခြားမဲရုံဖြင့် မဲပေးနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ညွှန်ကြားလာသည့်အတွက် သီးသန့်မဲရုံဖွင့်လှစ်ပေးထားပြီးဖြစ်သော်လည်း မဲပေးခွင့်ရှိသူစာရင်းကိုမူ မသိရသေးကြောင်း သိရသည်။
တပ်မတော်သားများနှင့် ၎င်းတို့မိသားစုဝင်များ ဆန္ဒမဲပေးနိုင်ရေးအတွက် တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် သီးသန့်မဲရုံ (၁) ရုံ၊ အများပြည်သူနှင့်တွဲ၍ ဆန္ဒမဲပေးနိုင်ရေးအတွက် မိုင်းကိုးကျေးရွာတွင် မဲရုံ (၁) ရုံ၊ တာလေမြို့ နားယောင်းကျေးရွာတွင် မဲရုံ (၁) ရုံ၊ တာလေမြို့တွင် မဲရုံ (၁) ရုံ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~