ကျိုင်းတုံမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး ဖမ်းဆီးခံရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တောင်းဆိုနေ

ကျိုင်းတုံမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး ဖမ်းဆီးခံရသည့် လူငယ်များကို ပြန်လွှတ်ပေးရန် တောင်းဆိုနေ
ဖေဖော်ဝါရီ 15, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖေါ်ပြီး လူစုခွဲ၍ ပြန်လာသည့် လူငယ် အမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၁) ဦးတို့ကို ရဲတပ်ဖွဲ့က လမ်း၌ ဖမ်းဆီးလိုက်သဖြင့် ပြန်လွှတ်ပေးရန် ကျိုင်းတုံရဲစခန်းရှေ့ရှိ ကျောက်တိုင်တွင် ဝိုင်းဝန်းတောင်းဆိုနေကြသည်။ 



ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် ပြည်သူလူထုက ကျိုင်းတုံခရိုင်၊ မြို့နယ်ရဲစခန်းရှေ့တွင် တောင်းဆိုနေကြပြီး နေ့လယ် (၁) နာရီခွဲအထိ ပြန်လွှတ်ပေးခြင်းမရှိသေး၍ ဆက်လက်တောင်းဆိုနေကြကြောင်း သိရသည်။

Tachileik News Agency