COVID-19 အတည်ပြု (၁၂)ဦး ထပ်တို၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၇၄)ဦးရှိလာ

COVID-19 အတည်ပြု (၁၂)ဦး ထပ်တို၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၇၄)ဦးရှိလာ
ဧပြီ 15, 2020
By Tachileik News Agency
COVID-19 အတည်ပြု (၁၂)ဦး ထပ်တို၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၇၄)ဦးရှိလာ 

အတည်ပြုလူနာများဖြင့် ထိတွေ့ခဲ့သည့် ရန်ကုန်မြို့မှ (၁၀) ဦး၊ မိုင်းဖြတ်မြို့မှ (၁) ဦးနှင့် ကလေးမြို့မှ (၁) ဦးတို့တွင် COVID 19 ကူးစက်ခံထားရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့တွင် ဓါတ်ခွဲအဖြေရရှိသဖြင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၇၄) ဦးရှိလာပြီဖြစ်သည်။

အတည်ပြုလူနာများအနက် COVID-19 ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာကန့် သတ်ခြင်း/ တားမြစ်ခြင်း (Quarantine) ဆက်လက် ဆောင်ရွက်ထားရှိသူ (၂)ဦးနှင့် သေဆုံးသူ (၄)ဦးရှိပြီး ကျန်လူနာများမှာ အခြေအနေကောင်းမွန်နေကြောင်း သိရသည်။

ထပ်တိုးလာသည့် လူနာများအပါအဝင် COVID 19 အတည်ပြုလူနာများကို ချင်းပြည်နယ် တီးတိန် ပြည်သူ့ဆေးရုံတွင် (၃) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၅၉) ဦး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း) လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း) စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် (၁)ဦးနှင့် မကွေး ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် (၁)ဦးနှင့် ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး အသီးသီး ထားရှိကုသပေးခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~