မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၁၇)မြို့နယ်တွင် တစ်နေ့ထဲ Covid-19 အတည်ပြုလူနာ (၈၅)ဦး တွေ့

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၁၇)မြို့နယ်တွင် တစ်နေ့ထဲ Covid-19 အတည်ပြုလူနာ (၈၅)ဦး တွေ့
ဒီဇင်ဘာ 13, 2020
By Tachileik News Agency

 

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၁၇)မြို့နယ်တွင် တစ်နေ့ထဲ Covid-19 အတည်ပြုလူနာ (၈၅)ဦး တွေ့

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၂၅)မြို့နယ်အနက် (၁၇)မြို့နယ်တွင် တစ်ရက်တည်း Cpvod-19 အတည်ပြုလူနာ (၈၅)ဦး ဒီဇင်ဘာလ(၁၂)ရက်နေ့က ထပ်တိုးသည်။ 
“ဒီဇင်ဘာ(၁၂)ရက် မနက်ပိုင်း၊ နေ့လယ်ပိုင်နဲ့ ညပိုင်းတွေမှာ တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာ (၈၅)ဦး ထပ်တိုး တွေ့ရှိရတာမှာ ပိုးတွေ့အတည်ပြုလူနာနှင့်ထိတွေ့ပြီး ကူးစက်ခံရသူ (၂၈)ဦး၊ အနံ့ ပျောက်လက္ခဏာပြသူ (၂) ဦး၊ ယာဉ်မောင်း (၂)ဦးနဲ့ ကျန်တာက ခရီးသွားရာဇဝင်ရှိတဲ့ Quarantine ဝင်နေသူတွေပါ”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာ(၁၂)ရက်နေ့၏ ထုတ်ပြန်ချက်တွင် RDT နှင့် NHL results တို့ အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ အောင်လံ (၁၆)ဦး၊ နတ်မောက် (၁၀)ဦး၊ ဂန့်ဂေါ (၅)ဦး၊ ကံမ (၄)ဦး၊ ပေါက် (၂)ဦး၊ ငဖဲ (၂)ဦး၊ ဆင်ပေါင်ဝဲ (၁)ဦး၊ မင်းဘူး (၂)ဦး၊ တောင်တွင်း (၇)ဦး၊ မြိုင် (၁)ဦး၊ ပွင့်ဖြူ (၄)ဦး၊ ရေနံချောင်း (၂)ဦး၊ ပခုက္ကူ (၅)ဦး၊ ချောက် (၁)ဦး၊ မြို့သစ် (၆)ဦး၊ စလင်း (၁၀)ဦး၊ မကွေး (၇)ဦးတို့ ဖြစ်သည်။
မကွေးတိုင်းအတွင်း COVID-19 ပိုးကူးစက်ခံရသူ အတည်ပြုလူနာ တစ်နေ့ထက်တစ်နေ့ များပြားလျှက် ရှိနေပြီး ဒေသတွင်းကူးစက်မှုမှာလည်း များပြားလာနေသဖြင့် တောင်တွင်းကြီးမြို့ပေါ် (၁၀) ရပ်ကွက် ကို Stay at Home ကာလ (၇)ရက်သတ်မှတ်ထားပြီး မင်းဘူး/စကုမြို့နယ် တွင်လည်း စကုမြို့ အမှတ် (၃)ရပ်ကွက်၊ ကျောင်းရွာရပ်ရှိ လမ်းအချို့နှင့် မင်းဘူး/စကုမြို့နယ် ကန်ရေ(၁)၊ ကန်ရေ(၂)၊ ကန်ရေ (၃) ကျေးရွာများကိုလည်း အသွားအလာကန့်သတ်သည့်နေရာများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ(၁၂)ရက် ည (၈)နာရီ အချိန်ထိ တိုင်းအတွင်း ပိုးတွေ့လူနာ စုစုပေါင်း (၁,၈၂၁)ဦးအထိရှိလာပြီး တိုင်းအတွင်း (၂၅)မြို့နယ်ရှိသည့်အနက် မြို့နယ်အားလုံးတွင် သံဃာတော်များ၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းဆရာမများ၊ အစိုးရအဖွဲ့ ရုံးမှ ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်ပါ အလွှာစုံ ပိုးကူးစက်ခံထားရကာ ဆေးရုံတက်ရောက်ဆဲလူနာ(၃၉၉)ဦးရှိနေပြီး သေ ဆုံးသူမှာလည်း ( ၄)ဦးအထိ ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း- ဖီးနစ် 
ဓါတ်ပုံ - Si Phyo Thu

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~