မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၂၅)မြို့နယ်အနက် (၂၃)မြို့နယ်အထိ Covid-19 ပိုးတွေ့၍ စုစုပေါင်း အတည်ပြုလူနာ (၉၉၂)ဦးအထိ ရှိလာ

မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၂၅)မြို့နယ်အနက် (၂၃)မြို့နယ်အထိ Covid-19 ပိုးတွေ့၍ စုစုပေါင်း အတည်ပြုလူနာ (၉၉၂)ဦးအထိ ရှိလာ
နိုဝင်ဘာ 17, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၂၅)မြို့နယ်အနက် (၂၃)မြို့နယ်အထိ Covid-19 ပိုးတွေ့၍ စုစုပေါင်း အတည်ပြုလူနာ (၉၉၂)ဦးအထိ ရှိလာ
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၂၅) မြို့နယ်ရှိသည့်အနက် နိုဝင်ဘာ (၁၆)ရက်နေ့အထိ (၂၂)မြို့နယ်တွင် COVID-19 ပိုးတွေ့ရှိခဲ့ပြီး ယနေ့ နိုဝင်ဘာ(၁၇)ရက်နေ့တွင် မင်းတုန်းမြို့နယ်၌ ထပ်တိုးတွေ့ရှိသဖြင့် ပိုးတွေ့မြို့နယ် (၂၃)မြို့နယ်အထိ ရှိလာပြီး ပိုးတွေ့အတည်ပြုလူနာစုစုပေါင်းမှာလည်း (၉၉၂)ဦးအထိ ရှိလာကြောင်း သိရသည်။
နိုဝင်ဘာလ (၁၇)ရက် မွန်းလွဲ(၂)နာရီအချိန် မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နံနက်ပိုင်းက မြို့သစ်မြို့နယ်မှ (၁၂)ဦး၊ ပေါက်မြို့နယ်မှ (၅)ဦး၊ သရက်မြို့နယ်မှ (၂)ဦး၊ ဆိပ်ဖြူမြို့နယ်မှ (၁)ဦး၊ ချောက်မြို့နယ်မှ (၁)ဦး၊ မင်းတုန်းမြို့နယ်မှ (၁)ဦး၊ ပွင့်ဖြူမြို့နယ်မှ (၁)ဦးတွေ့ရှိပြီး မွန်းလွဲပိုင်းတွင် မင်းဘူးမြို့နယ်မှ (၁)ဦး၊ စုစုပေါင်း (၂၄)ဦး ထပ်တိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“မင်းတုန်းမြို့နယ်က Quarantine Centre   ထားရှိတဲ့ (၁)ဦး ပိုးတွေ့ရှိတာကြောင့် မကွေးတိုင်းအတွင်းမှာ ပိုး တွေ့မြို့နယ် (၂၃)မြို့နယ်ဖြစ်သွားပါပြီ။ ပိုးတွေ့အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိသူ (Positive contact) လူနာတွေ ထပ်တိုး တွေ့ရှိလာနေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြု ဆင်ခြင်နေထိုင်ကြဖို့ တိုက်တွန်းလိုပါတယ်”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။
မကွေးတိုင်းအတွင်း နိုဝင်ဘာ(၁၇)ရက် မွန်းလွဲ(၂)နာရီအချိန်ထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း (၉၉၂)ဦးအထိရှိနေပြီး ဆေးရုံတက်ရောက်ဆဲလူနစုစုပေါင်း(၂၃၁)ဦး၊ ဆေးရုံဆင်းလူနာ (၇၅၉)ဦး၊ သေဆုံး သူ (၂)ဦး ရှိခဲ့ကြောင်း သိရကာ အောင်လံမြို့နယ်က (၁၈၁)ဦးဖြင့် ပိုးတွေ့အများဆုံးမြို့နယ်အဖြစ် ဆက်လက်ရပ်တည်လျှက်ရှိနေကြောင်း သိရသည်။
  Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~