တာချီလိတ်တွင် COVID 19 အတည်ပြုလူနာတိုးလာ၍ မိုးကုတ်ရိပ်သာတွင် ကုသရေးစင်တာ ဖွင့်လှစ်ရန် စီစဉ်

တာချီလိတ်တွင် COVID 19 အတည်ပြုလူနာတိုးလာ၍ မိုးကုတ်ရိပ်သာတွင် ကုသရေးစင်တာ ဖွင့်လှစ်ရန် စီစဉ်
နိုဝင်ဘာ 29, 2020
By Tachileik News Agency
တာချီလိတ်တွင် COVID 19 အတည်ပြုလူနာတိုးလာ၍ မိုးကုတ်ရိပ်သာတွင် ကုသရေးစင်တာ ဖွင့်လှစ်ရန် စီစဉ် 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ နေ့လယ်ပိုင်းအထိ အတည်ပြုလူနာ (၂၁) ဦးအထိ ရှိလာနေပြီဖြစ်ပြီး ထိတွေ့သူများလည်း ထပ်တိုးနေ၍ COVID 19 ကုသဆောင်တိုးချဲ့ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
"အခုလောလောဆယ်တော့ မိုးကုတ်ရိပ်သာကို treatment center (ကုသ‌ရေးစင်တာ) လုပ်ဖို့ ရှင်းလင်းရေးလုပ်ကြမယ်။ နဂိုက  quarantine center အဖြစ်သုံးနေတာ။ quarantine center ကလူတွေကို ကျောင်းတွေကိုရွှေ့မှာ။ အဲဒီမှာတော့ ကုတင် (၄၀)၊ (၅၀)လောက် ထွက်လာဖို့ရှိတယ်။ အဲဒါဆိုရင် စုစုပေါင်း ကုတင် (၇၀)၊ (၈၀)လောက် ရှိသွားမယ်။" တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြောသည်။
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ COVID 19 လူနာကုသဆောင်နှင့် ဆေးရုံဟောင်းရှိ COVID 19 လူနာကုသဆောင်တို့တွင် လူနာ (၃၀) ဦးအထိ လက်ခံကုသပေးနိုင်မည်ဖြစ်ပြီး လက်ရှိတွင် အတည်ပြုလူနာ (၂၁)ဦးကို ထားရှိကုသပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံမှနေရပ်ပြန်လာသူများအား ဟွေခိုက်အခြေခံပညာကျောင်းတွင် ထားရှိပြီး အတည်ပြုလူနာနှင့်ထိတွေ့သူများအား ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အထက(ဆန်ဆိုင်း)၌ အသီးသီး facility quarantine ထားသည့်အပြင် အတည်ပြုလူနာနှင့်ထိတွေ့သူများ၏ မိသားစုအချို့ကိုလည်း နေအိမ်တွင် အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~