မကွေးတိုင်းဒေသကြီးအတွင်း Covid-19 အတည်ပြုလူနာ (၃၄)ဦး ထပ်တိုးရာ ကျန်းမာရေးဝန်ထမ်းများ ပါဝင်

မကွေးတိုင်းဒေသကြီးအတွင်း Covid-19 အတည်ပြုလူနာ (၃၄)ဦး ထပ်တိုးရာ ကျန်းမာရေးဝန်ထမ်းများ ပါဝင်
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း Covid-19 အတည်ပြုလူနာ (၃၄)ဦး ထပ်တိုးရာ ကျန်းမာရေးဝန်ထမ်းများ ပါဝင်
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၁၀)မြို့နယ်တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့ ညပိုင်းက Covid-19 အတည်ပြုလူနာ (၃၄)ဦး ထပ်တိုးတွေ့ရှိရာ ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ကြောင်း သိရသည်။ 
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာလ(၁၀)ရက်နေ့၏ ထုတ်ပြန်ချက်တွင် RDT နှင့် NHL results တို့ အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ မကွေး (၉)ဦး၊ နတ်မောက် (၄)ဦး၊ တောင်တွင်းကြီး (၄)ဦး၊ ဂန့်ဂေါ (၅)ဦး၊ အောင်လံ (၂)ဦး၊ ဆိပ်ဖြူ (၅)ဦး၊ မင်းလှ (၁)ဦး၊ စလင်း (၁)ဦး၊ မြို့သစ် (၁)ဦး၊ မင်းဘူး (၂)ဦး၊ စုစုပေါင်း (၃၄)ဦး ပိုးတွေ့ရသည့်အနက် ပိုးတွေ့လူနာနှင့်ထိတွေ့၍ ကူးစက်ခံရသူ (၂၆)ဦး၊ အနံ့ပျောက်လက္ခဏာရှိသူ (၄)ဦးနှင့် ကျန်လူနာများမှာ ယာဉ်မောင်း နှင့် Quarantine Centre များမှ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအနက် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင်များ၊ မကွေးသင်ကြားရေးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှင့် မိသား စုဝင်များ စုစုပေါင်း (၁၀)ဦးပါဝင်ကြောင်း Quarantine Centre များ၏ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအဖွဲ့ဦးဆောင်သူများထံက သိရသော်လည်း မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီးက အတည်ပြုမပေးနိုင်သေးဟု ဆိုသည်။
“ပိုးတွေ့တာကတော့ ဟုတ်ပါတယ်။ ကျွန်မတို့ရဲ့ဝန်ထမ်းနဲ့ အခြားလူနာတွေရဲ့ အဖြေတွေရောမှာစိုးလို့ စိစစ်နေပါတယ်။ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း ဦးရေဘယ်လောက်ဆိုတာတော့ စိစစ်ပြီး စာရင်းပြုစုနေတုန်းမို့ အတည်ပြုမပေးနိုင်သေးပါဘူး” ဟု မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းဝင်းဌေး က ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာ(၁၀)ရက် ည(၈)နာရီ(၄၀)မိနစ်အချိန်ထိ ပိုးတွေ့လူနာစုစုပေါင်း (၁၇၀၃)ဦးအထိ ရှိလာပြီး သေဆုံးသူ(၄)ဦး ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း- ဖီးနစ်
ဓာတ်ပုံ - Si Phyo Thu

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~