ဘိန်းစိုက်ခင်းများ ရှာဖွေတွေ့ရှိခဲ့သည့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတွင် ဘိန်းအစား မွေးမြူရေး ပြုလုပ်ရန် အသိပညာပေးကာ ကြက်များကို မျက်စဉ်းခတ်

ဘိန်းစိုက်ခင်းများ ရှာဖွေတွေ့ရှိခဲ့သည့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတွင် ဘိန်းအစား မွေးမြူရေး ပြုလုပ်ရန် အသိပညာပေးကာ ကြက်များကို မျက်စဉ်းခတ်
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency
ဘိန်းစိုက်ခင်းများ ရှာဖွေတွေ့ရှိခဲ့သည့် မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတွင် ဘိန်းအစား မွေးမြူရေး ပြုလုပ်ရန် အသိပညာပေးကာ ကြက်များကို မျက်စဉ်းခတ်

ဖေဖော်ဝါရီလအစပိုင်းက ဘိန်းစိုက်ခင်းများ ရှာဖွေတွေ့ရှိ ဖျက်ဆီးခဲ့ရသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် လွယ်ဆောင်ကျေးရွာအုပ်စုအတွင်းသို့ မွေးမြူရေးနှင့်ကုသရေဦးစီးဌာနမှ သွားရောက်ကာ ဘိန်းစိုက်ပျိုးမှုအစား မွေးမြူရေးဖြင့် အသက်မွေးကြောင်းနိုင်ရန်အတွက် အသိပညာပေးမှုကို ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်က ဆောင်ရွက်ခဲ့ပြီး ကြက်အကောင်ရေ(၁၂၀၀)ကိုလည်း ကြက်လည်လိမ်မျက်စဉ်းဆေးခတ်ပေးကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ ဘာထန်ကျေးရွာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ကျွဲ၊နွားများ စနစ်တကျ မွေးမြူရေးနှင့် အာဟာရပြည့်အစာကျွေးမွေးရေးကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နိုင်ထွန်းဦးက ကျွဲ၊နွားများတွင် အဖြစ်များသော လည်ချောင်းကွဲ၊ ဒေါင့်သန်း၊ ပေါင်ပုပ်လက်ပုပ်နှင့် ခွာနာလျှာနာကူးစက် ရောဂါအကြောင်း နှင့် ရောဂါဖြစ်ပွားလျှင် ရှေးဦးပြုစုဆောင်ရွက်ရမည့် အကြောင်းအရာများ စသည့် အကြောင်းအရာများကို  အသိပညာပေး ဟောပြောခဲ့ကြခြင်း ဖြစ်သည်။

အသိပညာပေး အပြီးတွင်  ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသခံများအား ကြက်လည်လိမ် မျက်စဉ်းဆေးခတ်ခြင်းအား လက်တွေ့သရုပ်ပြသပေးပြီး ဒေသခံများ မွေးမြူထားသည့်ဒေသကြက်အကောင်ရေ(၁၂၀၀)ကို ကြက်လည်လိမ်မျက်စဉ်းဆေးခတ်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလအစက မိုင်းဆတ်မြို့နယ်အတွင်း လွယ်ဆောင်ကျေးရွာအုပ်စု နှင့် ဝမ်ကောင်းကျေးရွာအုပ်စုတို့တွင် ဘိန်းစိုက်ဧကပေါင်း (၁၂.၅)ဧကကို  မိုင်းဆတ်ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့က ရှာဖွေတွေ့ရှိ ဖျက်ဆီးခဲ့ကြသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~