မိုင်းတုံမြို့တွင် တောင်ကြီးကလာသည့် ယာဉ်နောက်လိုက်ထံမှ Covid-19 ပိုးတွေ့

မိုင်းတုံမြို့တွင် တောင်ကြီးကလာသည့် ယာဉ်နောက်လိုက်ထံမှ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 20, 2020
By Tachileik News Agency
 
 
မိုင်းတုံမြို့တွင် တောင်ကြီးကလာသည့် ယာဉ်နောက်လိုက်ထံမှ Covid-19 ပိုးတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့သို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ နံနက်က မြို့အဝင်တွင် ရောက်ရှိလာသည့် ကုန်တင်ယာဉ်၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား RDT ဖြင့် စစ်ဆေးရာ တောင်ကြီးမှလာသည့် ကုန်တင်ယာဉ်၏ ယာဉ်နောက်လိုက်တွင် COVID 19 ပိုးတွေ့ရသည်။
“သူက တောင်ကြီးကနေ မိုင်းဆတ်ကို ထွက်လာတာ။ မိုင်းတုံမှာ စစ်လိုက်တဲ့အချိန် ယာဉ်နောက်လိုက်မှာ ပိုးတွေ့တယ်။ ယာဉ်မောင်းကိုတော့ quarantine ထားထားတယ်။ ယာဉ်နောက်လိုက်က ညောင်ရွှေ သာယာကုန်းမှာ တစ်ဦးထဲနေတယ်လို့ ပြောတယ်။ မိသားစုဝင် (၃)ဦးက အေးသာယာမှာနေတယ်လို့ ပြောပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယခုပိုးတွေ့လူနာမှာ မိုင်းတုံမြို့၏ (၈)ယောက်မြောက် အတည်ပြုလူနာဖြစ်လာပြီး ယခင်အတည်ပြုလူနာ (၇)ဦးလုံးမှာ ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းပျဉ်း၊ မိုင်းတုံ၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယန်းမြို့နယ်များ၌ အတည်ပြုလူနာများ တွေ့ရှိထားပြီး မိုင်းတုံမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အတည်ပြုလူနာတွေ့ရှိမှု အရေအတွက်အများဆုံး အဆင့် (၄)တွင်ရှိသည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~