MRTV မှ ပုဒ်မ-၅၀၅(က) စာရင်းကြေညာရာတွင် ဧပြီလ(၉)ရက်နေ့၌ တာချီလိတ်မြို့မှ အမျိုးသားတစ်ဦး ပါဝင်နေ

MRTV မှ ပုဒ်မ-၅၀၅(က) စာရင်းကြေညာရာတွင် ဧပြီလ(၉)ရက်နေ့၌ တာချီလိတ်မြို့မှ အမျိုးသားတစ်ဦး ပါဝင်နေ
ဧပြီ 9, 2021 | ရှမ်းရှေ့

 

ယနေ့ ဧပြီလ(၉)ရက်နေ့ ည(၈)နာရီ MRTV သတင်းတွင် ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားသည့် (၂၀)ဦး၏ အမည်စာရင်းများကို ကြေညာနေရာတွင် တာချီလိတ်မြို့မှ တစ်ဦးပါဝင်သည်။

 တာချီလိတ်မြို့မှ Zayar Phyo facebook အကောင့်ပိုင်ရှင်ကို ဧပြီလ(၆)ရက်နေ့က ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ယနေ့ ဧပြီလ(၉)ရက်နေ့ ညပိုင်းသတင်းတွင် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ပုဒ်မ-၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ထားသူ (၂၀)ကျော်ရှိနေပြီး၊ ပုဒ်မ-၅၀၅(ခ)ဖြင့် ဖမ်းဝရမ်းထုတ်ထားသူ (၁)ဦးရှိနေကာ ဖမ်းဆီးခံထားရသူမှာ (၃၀)ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။