ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တာချီလိတ်(TBC)အဖွဲ့ဝင် တစ်ဦးထံက မူးယစ်ဆေးဝါး ဖမ်းမိ 

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တာချီလိတ်(TBC)အဖွဲ့ဝင် တစ်ဦးထံက မူးယစ်ဆေးဝါး ဖမ်းမိ 

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် တာချီလိတ်(TBC)အဖွဲ့ဝင် တစ်ဦးထံက မူးယစ်ဆေးဝါး ဖမ်းမိ 

ထိုင်းနိုင်ငံသား(၄) ဦးတို့ကို စိတ်ကြွဆေးပြား (၆) သောင်းနီးပါး၊ ကတ်တမင်းအနယ်းငယ်တို့ဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ (၁၁) ရက်နေ့က ဖမ်းဆီးရမိပြီးနောက် ၎င်းတို့နှင့်ဆက်စပ်နေသည့်  မြန်မာနိုင်ငံသား (၁) ဦးကို မယ်ဆိုင်တွင် ဖမ်းဆီးလိုက်ကြောင်း  သိရသည်။

 

ထိုင်းနိုင်ငံမြောက်ပိုင်း လန်းပန်း​ခရိုင် တွင် ထိုင်းနိုင်ငံသား (၄) ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (၅၉,၄၀၀) ပြား အပါအဝင် ကတ်တမင်းအချို့တို့နှင့်အတူ ဖမ်းဆီးရမိပြီးနောက် တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှုမှ ဆက်စပ်သူများအား ဆက်လက်ဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

အဆိုပါ ထိုင်းနိုင်ငံသား (၄) ဦးနှင့် ဆက်စပ်သည့် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)အဖွဲ့မှ မြန်မာနိုင်ငံသား သန်းထွန်းအောင်အား မယ်ဆိုင်ရှိ  နေအိမ် အခန်းတစ်ခုတွင် ဖမ်းဆီးရမိပြီးနောက် ၎င်းထံမှ မြန်မာ - ထိုင်းနယ်ခြားကော်မတီ (TBC) တံဆိပ်ကပ်ထားသည့် ကားတစ်စီး၊ ဆိုင်ကယ်တစ်စီး၊ ငွေကြေးနှင့် ရွှေထည်ပစ္စည်းအချို့တို့ကိုပါ ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားသည် မြန်မာနှင့်ထိုင်း နှစ်ဖက်စစ်တပ်များက ဦးဆောင်သည့် တာချီလိတ်-မယ်ဆိုင်မြို့နယ်အဆင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ (TBC) တွင် ရုံးလုပ်ငန်းများဆောင်ရွက်ပေးနေသည့် တာချီလိတ်ဒေသခံတစ်ဦးဖြစ်သည်။