တာချီလိတ် Lian Meng Team Golfer အဖွဲ့မှ တာချီလိတ်မြို့တွင်း Covid-19 ကုသရေးနှင့် Quarantine Centre များအတွက် ဘတ်ငွေ(၂)သိန်း လှူဒါန်း

တာချီလိတ် Lian Meng Team Golfer အဖွဲ့မှ တာချီလိတ်မြို့တွင်း Covid-19 ကုသရေးနှင့် Quarantine Centre များအတွက် ဘတ်ငွေ(၂)သိန်း လှူဒါန်း
ဒီဇင်ဘာ 6, 2020
By Tachileik News Agency
တာချီလိတ် Lian Meng Team Golfer အဖွဲ့မှ တာချီလိတ်မြို့တွင်း Covid-19 ကုသရေးနှင့် Quarantine Centre များအတွက် ဘတ်ငွေ(၂)သိန်း လှူဒါန်း

တာချီလိတ်မြို့ရှိ Covid-19 ကုသရေးစင်တာများနှင့် Quarantine Centre များ အပါအဝင် Covid-19 ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တာချီလိတ် Lian Meng Team Golfer အဖွဲ့ မှ ထိုင်းဘတ်ငွေ (၂)သိန်းအား  ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကော်မတီသို့ လာရောက်လှူဒါန်းကြောင်း သိရသည်။
တာချီလိတ် Lian Meng Team Golfer အဖွဲ့က ထိုင်းဘတ်ငွေ (၂)သိန်းအား လာရောက်လှူဒါန်းရာတွင် တာချီလိတ်မြို့နယ် Covid-19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌဖြစ်သူ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက လက်ခံပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အထိ အတည်ပြုလူနာ စုစုပေါင်း (၇၂)ဦးအထိရှိနေရာ (၃)ဦးမှာ ဆေးရုံက ဆင်းသွားပြီဖြစ်၍ လက်ရှိတွင် (၆၉)ဦး ကျန်ရှိနေသည်။
Tachileik News Agency

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~