ကျိုင်းလပ်မြို့ ကျာခမ်းကျောက်ကျေးရွာအုပ်စုအတွင်း လေဘေးသင့် အိမ်ခြေ(၁၁)အိမ် နှင့် လေဘေသင့်ပြည်သူများကို ထောက်ပံ့

ကျိုင်းလပ်မြို့ ကျာခမ်းကျောက်ကျေးရွာအုပ်စုအတွင်း လေဘေးသင့် အိမ်ခြေ(၁၁)အိမ် နှင့် လေဘေသင့်ပြည်သူများကို ထောက်ပံ့
ဧပြီ 25, 2020
By Tachileik News Agency
ကျိုင်းလပ်မြို့ ကျာခမ်းကျောက်ကျေးရွာအုပ်စုအတွင်း လေဘေးသင့် အိမ်ခြေ(၁၁)အိမ် နှင့် လေဘေသင့်ပြည်သူများကို ထောက်ပံ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက်ကျေးရွာအုပ်စုအတွင်းမှ  လေဘေးသင့် အိမ်ခြေ(၁၁)လုံးအတွက် ထောက်ပံ့ပစ္စည်းများ နှင့်  အိမ်ပြန်လည်ဆောက်ရန်အတွက် ထောက်ပံ့ငွေများကို ၂၀၂၀ခုနှစ် ဧပြီလ(၂၅)ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာဌာနများမှ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

လေဘေးသင့်များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က  ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများကို ကျိုင်းလပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင် နှင့် မြို့အဆင့် ဌာနဆိုင်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဒေါ်မွှေးမွှေးခင် နှင့် တာဝန်ရှိသူများ အပါအဝင် အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းနှင့်အတူ ဧပြီလ (၂၅)ရက်နေ့တွင် လေဘေးသင့်များထံ လက်ဝယ်အရောက် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက လေဘေးသင့် အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၆၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး ကျပ်(၁၃၀,၂၀၀)၊ အိမ်ခြေ(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၉၉၀,၀၀၀)ကို ပေးအပ်သည်။

ယင်းအပြင် လေဘေးသင့် နမ့်ငေါ့ကျေးရွာ၌ သွပ်အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ဆောက်လုပ်ရေးပစ္စည်းဖိုး ကျပ်(၉၀,၀၀၀) ပေးအပ်ကြောင်းလည်း သိရသည်။

တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးက  လေဘေးသင့်မိသားစုများအတွက် လက်ဆေးဘေစင် ၊ လက်သန့်ဆေးရည်နှင့် ဆပ်ပြာရည်တို့ ပံ့ပိုးပေးကြောင်း သိရသည်။

ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက်ကျေးရွာအုပ်စုအတွင်း နမ့်ဆီး(အခါရွာ)နှင့် နမ့်ငေါ့ကျေးရွာတို့တွင် ၂၀၂၀ခုနှစ် ဧပြီလ(၂၂)ရက်နေ့ ညနေ(၃)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - DDM


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~