တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ ဝန်းကျင်ရှိ လမ်းမပေါ်တွင် လာသမျှ ပိတ်ဆို့စစ်နေ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ ဝန်းကျင်ရှိ လမ်းမပေါ်တွင် လာသမျှ ပိတ်ဆို့စစ်နေ
မေ 26, 2021 | ရှမ်းရှေ့

 တာချီလိတ်မြို့၊ ဆေးရုံဟောင်းရှေ့ နှင့် ရှမ်းရိုးမကွင်းရှေ့ဝန်းကျင်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ယနေ့ ၂၀၂၁ခုနှစ် မေလ(၂၆)ရက်နေ့ ည(၈)နာရီခွဲကျော်က စ၍ လာသမျှ တားဆီးပြီး စစ်ဆေးနေကြောင်း သိရသည်။

"ညဈေးတန်းသမားတွေ အမြန်ပြန်ခိုင်းပြီး တန်းစစ်နေတာ။ လမ်းပိတ်ပြီး လာသမျှ ကားတွေ ဆိုင်ကယ်တွေ စစ်နေတာ။ အဲ့နားမှောင်နေတော့ စစ်နေတာကို သိပ်မသိသာဘူး"ဟု ဒေသခံ တစ်ဦး တာချီလိတ်သတင်းအေဂျင်စီသို့ ယနေ့ ည(၈)နာရီ (၅၅)မိနစ်အချိန်က ပြောသည်။

ညပိုင်း စစ်ဆေး တွေ့ရှိသူများကို ဖုန်းများပါ ယူစစ်မည်ဖြစ်ကြောင်းနှင့် အဓိက အားဖြင့် လူငယ်များကို ပစ်မှတ်ထားကာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ယနေ့ ညတွင် တစ်နေရာတည်း အထိုင်ချ၍ စစ်ဆေးမည် မဟုတ်ဘဲး လှည့်လည်၍ လှည့်ကင်းကားများဖြင့်ပါ စစ်ဆေးမည်ဟု သိရသည်။