နမ့်စန်မြို့တွင် Mask မတပ်ဘဲ နေအိမ်ပြင်ပ ထွက်သူများကို  Covid-19 စစ်ဆေး

Photo: Thuya Maung
Photo: Thuya Maung
နမ့်စန်မြို့တွင် Mask မတပ်ဘဲ နေအိမ်ပြင်ပ ထွက်သူများကို  Covid-19 စစ်ဆေး
အောက်တိုဘာ 2, 2021 | Covid-19| ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် Covid-19 ကာကွယ်ရေးအတွက် Mask မတပ်ဘဲ နေအိမ်ပြင်ပသွားလာသူများကို နှာခေါင်းနှိုက်ပြီး Covid-19 စစ်ဆေးပေးမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့တွင် နေအိမ်ပြင်ပထွက်ရာတွင် Mask မတပ်ဘဲ သွားလာနေသူ (၅၀)ဦးကို RDT Test Kit ဖြင့် Covid-19 စစ်ဆေးပေးရာ တစ်ဦးမှ မတွေ့ရကြောင်းလည်း သိရသည်။

ယနေ့ တစ်နေ့တာအနေဖြင့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုးပြီး Covid-19 သံသယရှိသူ (၃၃)ဦးမှ လာရောက်၍ စစ်ဆေးမှု ခံယူရာတွင် (၁၆)ဦးမှာ Covid-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

နမ့်စန်မြို့နယ်၏ Covid-19 တတိယလှိုင်းကာလအတွင်း ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၁၁၆၆)ဦးအထိ ရှိနေပြီး (၉၉၃)ဦးမှ ဆေးရုံမှ ဆင်းခွင့်ရရှိသွားကြသူဖြစ်သော်လည်း Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံရှိ၍ သေဆုံးသူမှာ (၄၂)ဦးအထိ ရှိနေကြောင်း သိရသည်။