ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်ပြန် ကုန်တင်ယာဉ်နောက်လိုက် (၁)ဦး၌ COVID 19 ပိုးတွေ့၍ ကယားပြည်နယ်တွင်း အတည်ပြုလူနာ (၅၅) ဦးအထိ တိုးလာ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်ပြန် ကုန်တင်ယာဉ်နောက်လိုက် (၁)ဦး၌ COVID 19 ပိုးတွေ့၍ ကယားပြည်နယ်တွင်း အတည်ပြုလူနာ (၅၅) ဦးအထိ တိုးလာ
ဒီဇင်ဘာ 13, 2020
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်ပြန် ကုန်တင်ယာဉ်နောက်လိုက် (၁)ဦး၌ COVID 19 ပိုးတွေ့၍ ကယားပြည်နယ်တွင်း အတည်ပြုလူနာ (၅၅) ဦးအထိ တိုးလာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရန်ကုန်မှပြန်လာသည့် ကုန်တင်ယာဉ်နောက်လိုက် (၁) ဦး၌ COVID 19 ကူးစက်ခံထားရသည်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၌ စစ်ဆေးတွေ့ရသည်။
လွိုင်ကော်မြို့ရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် အခြားဒေသများမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၁၀) ဦးတို့ကို ဒီဇင်ဘာလ (၁၃) ရက်နေ့၌ RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ယာဉ်နောက်လိုက် (၁) ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
အဆိုပါ ပိုးတွေ့ရှိသူ အသက် (၂၅) နှစ်အရွယ် ယာဉ်နောက်လိုက်အမျိုးသားမှာ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ရန်ကုန်မှ လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းနှင့်အတူလာသော ယာဉ်မောင်းမှာ RDT ဖြင့် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသော်လည်း လွိုင်ကော်မြို့ န.တ.လ  သင်တန်းကျောင်းတွင် အသွားလာကန့်သက်ထားကာ (၁၁)ရက်မြောက်နေ့၌ PCR စနစ်ဖြင့်  ဓာတ်ခွဲနမူနာ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Covid-19 ပိုးတွေ့ရှိသူ အတည်ပြုလူနာအား လွိုင်ကော် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် စောင့်ကြပ် ကုသပေးလျက်ရှိပြီး ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။ 
ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့အထိ COVID - 19 အတည်ပြုလူနာ (၅၅) ဦး ရှိပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၂၅) ဦးနှင့် သက်ဆိုင်ရာ မြို့နယ်ဆေးရုံများတွင် ဆေးကုသမှုခံယူနေသူ (၃၀) ဦးရှိကြောင်း သိရသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ- ရွှေလွိုင်ကော်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~